ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာရှိ နေအိမ်တစ်ခုအား ယနေ့ ဇန်နဝါရီလ ၁၄ ရက်မနက်အစောပိုင်းက NLD ပါတီကိုယ်စားပြုနိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူ၏ မိသားစုလိုက်ဝင်ရောက်သတ် ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
သတ်ဖြတ်ခံခဲ့ရသည့်နေအိမ်မှာ စစ်အာဏာမသိမ်းမီက NLD ပါတီရပ်/ ကျေးရုံးဖွင့်လှစ်ခဲ့သည့်နေအိမ်ဖြစ်ပြီး အဆိုပါနေအိမ်ရှိမိသားစုဝင်အားလုံးကို သတ် ဖြတ်ခဲ့ရာ အသက် ၆ နှစ်အရွယ်ကလေးအပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး ယင်းသတ်ဖြတ်မှုအား စစ်တပ်လက် အောက်ခံ ပျူစောထီးများမှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
သတ်ဖြတ်ခံခဲ့ရသူများမှာ ဦးကျော်လှိုင် အသက် ၆၅နှစ်၊ ဒေါ်မြညွန့် အသက် ၇၃ နှစ်၊ မနှင်းမြလှိုင် အသက် ၄၁ နှစ်၊ မစုမြတ်စံ အသက် ၁၅နှစ်၊ ကိုမျိုးဝင်း အသက် ၄၃ နှစ်၊မနှင်းမြခိုင် အသက် ၃၈ နှစ်၊ မရွှေဘုံစံ အသက် ၁၃ နှစ်၊ မောင်ခန့်ဇေယျာမျိုး အသက် ၆ နှစ်တ်ို့ ၈ ဦးဖြစ်ပြီး သန်းခေါင်ယံအချိန် အိပ်စက်နေချိန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်းနှင့် ရုပ်အလောင်းများကို ကန့်ဘလူပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ထားကြောင်း သိရှိရသည်။
” သန်းခေါင်ကျော်ကြီး လာသတ်သွားကြတာ။ သေ နတ်တွေ၊ ဓားတွေနဲ့ သူတို့တွေအကုန်လုံးက။ အသတ်ခံရ သူတွေက NLD ပါတီထောက်ခံသူတွေ။ ကလေးကိုပါ ရက်ရက်စက်စက်သတ်သွားကြတာ။ ပျူစောထီးတွေလုပ်သွားလို့ပြောကြတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
တော်လှန်ရေးအင်အားစုများမှလည်း “ပျူတွေဝင်သတ်သွားတာ။ မိသားစုဝင်အကုန်လုံးကို သေနတ် တွေ၊ ဓားတွေနဲ့ခုတ်သတ်သွားတာ။ ပြည်သူ့ရဲဘော်တွေ ဒါမျိုးဘယ်တော့မှမလုပ်ပါဘူး။ ပြည်သူကိုရန်မူတာမျိုး ဘယ်တော့မှမရှိပါဘူး”ဟု ကန့်ဘလူ PDF အဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါမိသားစုဝင်များ သတ်ဖြတ်ခံရမှုနှင့်ပတ်သက် ပြီး စစ်တပ်ထောက်ခံသည့် လူမှုကွန်ယက်စာမျက်နှာများတွင် PDF များမှ ပြည်သူများကို သတ်ဖြတ်သည်ဟု စွပ်စွဲရေးသားဖော်ပြထားသည်ကိုတွေ့ရှိရသည်။
ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီလက်အောက်ခံ ၅၅၀ ဆရာတော် ဦးဝါသဝ ဦးဆောင်သည့် ပျူစော ထီးများအင်အားကောင်းသည့်နယ်မြေဒေသတစ်ခုဖြစ်ပြီး NLD ပါတီနှင့်ဆက်စပ်ခဲ့သူများမကြာခဏ ဖမ်းဆီးသတ်ဖြတ်ခံနေရသည့်နယ်မြေတစ်ခုဖြစ် ကြောင်းဒေသခံများထံကသိရသည်။