ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းမှ စစ်ကောင်စီတပ်သားများကို ကျားသစ်နက်တပ်မတော် B.L.P.Aနှင့် ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျားသစ်နက်တပ်မတော် B.L.P.A တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
“တိုက်ပွဲကပြင်းထန်ပြီး တိုက်ပွဲကြာချိန် ၃ နာရီလောက်ကြာခဲ့ပါတယ်။ ကျွန်တော်တို့ဖက်က ၈၀ မမလက်နက်ကြီး အလုံး ၁၀၀
၊ တာဝေးပစ် Rocket အလုံး ၃၀ ဝန်းကျင်နဲ့ပစ်ခတ်ခဲ့တာပါ။ ကျွန်တော်တို့ အဖက်ဖက်က ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ သူတို့ဘက်ကထိခိုက်မှုများပါတယ်” လို့ ကျားသစ်နက်တပ်မတော် B.L.P.A တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောသည်။
၎င်းတိုက်ပွဲကို ကျားသစ်နက်တပ်မတော် B.L.P.Aတပ်ဖွဲ့နှင့်အတူ ယင်းမာပင်ခရိုင်အမှတ်၂၈ ဓာမဆိုင်းတပ်မတော်၊ပခုက္ကူခရိုင် အမှတ်-၁၄ တပ်ရင်း၊ M.P.Lအလယ်မြေပြောက်ကျားတပ်ဖွဲ့၊ Gen -21၊ သိန်းငှက်နီပြောက်ကျားတပ်ဖွဲ၊ရွှေဟင်္သာ ပြောက်ကျားတပ်ဖွဲ့၊ ခိုင်လေးပြောက်ကျားတပ်ဖွဲ့တို့ မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ထို့အပြင် ဇန်နဝါရီလအတွင်း ၎င်း ကန့်ဒေါင့်ရဲစခန်းသည် ကျားသစ်နက်တပ်မတော် B.L.P.A ၏ ၄ ကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။