ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၄ ရက်
ဗြိတိန်နိုင်ငံအတွက် သူလျှိုလုပ်ပေးတဲ့ စွဲချက်ကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ အီရန် ဒုတိယကာကွယ် ရေးဝန်ကြီးဟောင်း အလီရီဇာအက်ဘာရီကို ဒီနေ့မနက်ပိုင်းက ကြိုးပေးကွက်မျက်လိုက်ပြီလို့ သိရပါတယ်။
အီရန်နဲ့ ဗြိတိန်နိုင်ငံသားတွေအဖြစ် ခံယူထားတဲ့ အက်ဘာရီကို အဂတိလိုက်စားမှု၊ တိုင်းပြည်ရဲ့ ပြည် တွင်း/ပြည်ပလုံခြုံရေးကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကြိုးပေးကွက်မျက်ခဲ့တာလို့ အီရန်သတင်းဌာနတစ်ခုက ပြောပါတယ်။
အက်ဘာရီဟာ ပမာဏများပြားတဲ့ လစာငွေရယူကာ ဗြိတိန် ထောက်လှမ်းရေးအေဂျင်စီ MI6 အတွက် သူလျှိုလုပ်ပေးခဲ့တယ်လို့ အဲဒီသတင်းဌာနက ဆိုပါတယ်။
သမ္မတ မိုဟာမက်ခါတာမီအစိုးရ ၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အက်ဘာရီက အီရန်နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ဒုံးကျည်ထုတ်လုပ်ရေးအပြင် ဒဏ်ခတ်အရေးယူမှု၊ နျူကလီးယား ဆွေးနွေးမှု၊ ဒေသတွင်းရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ M16 အတွက် သူလျှိုလုပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက် က ဖော်ပြပါတယ်။
တီဟီရန်မြို့တော်ရှိ ဗြိတိန်သံရုံးမှာ ဗီဇာလျှောက်ထားစဉ် MI6 က အက်ဘာရီကို စည်းရုံးခဲ့ပြီး နောက်ပိုင်း မှာ တင်းပြည်သူလျှိုတစ်ဉီး ဖြစ်လာခဲ့ကာ အီရန်ထောက်လှမ်းရေးက ကာလရှည် စစ်ဆင်ရေးနဲ့ စောင့်ကြည့်ပြီး နောက် သူ့ကို ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အက်ဘာရီကို သေဒဏ်မပေးခင် တရားစစ်ဆေးမှုက ကြာရှည်ခဲ့ပြီး အသနားခံစာကိုလည်း တရားရုံးက ပယ်ချခဲ့တယ်လို့ သိရပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း အီရန် နျူကလီးယားသိပ္ပံပညာရှင် မိုဆန်ဖာကရီဇာဒါ လု်ကြံသတ် ဖြတ်ခံရမှုမှာ အက်ဘာရီ ပါဝင်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။
ဗြိတိန် ထောက်လှမ်းရေးအရာရှိတစ်ဉီးက ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဉီး ဖြစ်တဲ့ မိုဆန်ဖာကရီဇာဒါနဲ့ ပတ်သက်တဲ့သတင်းအချက်တွေ သူ့ထံကနေ ရယူခဲ့တယ်လို့ ရုပ်သံဗွီဒီယိုထဲမှာ အက် ဘာရီက ပြောပါတယ်။
အက်ဘာရီကို မကွက်မျက်ဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလီဘာလေက အီရန်အာဏာပိုင်တွေ ကို တိုက်တွန်းခဲ့ပါတယ်။