ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၄ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်းစီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် မနက်အစောပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
အဲ့ဒီ စစ်ကောင်စီပျူစောထီးပူးပေါင်းအဖွဲ့ကို လက်နက်ကြီးနဲ့ အချက် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ၃ ဦး သေဆုံးခဲ့ပြီး ပျူစောထီးတပ်ဖွဲ့ဝင်တွေရဲ့နေအိမ် ၁ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“သူတို့က ဝက်ပုတ်ရွာမှာ အထိုင်ချတပ်စွဲထားပြီး ဘေးနားရှိ ရွာတွေကို ဖျက်ဆီးတယ်၊ မွေနောက်ရှာဖွေပြီး လိုချင်တာယူတယ်။ ပရိဘောဂပစ္စည်းတွေလည်း ခိုယူတာတွေပြုလုပ်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ ဒီကောင်တွေဘက် ပျူအိမ်တွေလဲပျက်စီးသွားသလို ၃ ဦးလည်းသေဆုံးခဲ့တယ်” လို့ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
၎င်းတိုက်ပွဲကို မြိုင်အခြေစိုက် ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့နဲ့အတူ မြိုင် ပကဖ တပ်ရင်း (၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့တွေကပြောပါတယ်။