ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၄ ရက်
ဂျပန်၊ အမေရိကန်နဲ့ ဉရောပက ညီညွတ်စွာနဲ့ တရုတ်နိုင်ငံအပေါ် အရေးယူရမယ်လို့ တရုတ်ရဲ့ စိန်ခေါ်မှု တွေ ရင်ဆိုင်နေရချိန် အမေရိကန်နိုင်ငံနဲ့ တိုကျိုရဲ့ မဟာမိတ်ပြုမှုမြှင့်တင်ဖို့ ရည်ရွယ်တဲ့ခရီးစဉ်တစ်ခုအတွင်း ဝန် ကြီးချုပ် ဖူမီယိုကီရှီဒါက ဝါရှင်တန်မြို့တော်မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ဂျပန်နဲ့ အမေရိကန်နိုင်ငံအတွက် အဓိက စိန်ခေါ်မှုဖြစ်တယ်လို့ ကီရှီဒါက ပြောပါတယ်။ တရုတ်နိုင်ငံနဲ့ဆက်ဆံရာမှာ ဂျပန်၊ အမေရိကန်နဲ့ ဉရောပက ညီညွတ်ဖို့ အရေးကြီးပါတယ်” လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားရာမှာ ကီရှီဒါက ထည့်သွင်းပြောကြားခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက သမိုင်းဝင် အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေပြီး အခြေအနေကို အင် အားအသုံးပြုပြီး တစ်ဖက်သတ် ပြောင်းလဲဖို့ကြိုးပမ်းမှုတွေကို မည်သည့်အခါမျှ လက်သင်ခံမှာမဟုတ်ဖူးလို့ သူက ဆိုပါတယ်။
အရှေ့တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းစုများအနီး တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ဂျပန် ရေပိုင်နက်အနီး ကျရောက်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် တရုတ်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်လို့ စိုးရိမ်မိတယ် လို့ ကီရှီဒါက ပြောပါတယ်။
ဂျပန်နိုင်ငံနဲ့ မဟာမိတ်ပြုဖို့ ခိုင်ခိုင်မာမာ သံန္နိဌာန်ချထားပြီး ပြီးခဲ့တဲ့လအတွင်း သမိုင်းဝင် စစ်ရေးအင် အား တည်ဆောက်မှုကို ချီးကျူးတယ်လို့ အိမ်ဖြူတော်မှာ ကီရှီဒါနဲ့တွေ့ဆုံစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့လက ဒုတိယကမ္ဘာစစ်နောက်ပိုင်း စံချိန်တင် စစ်ရေးအသုံးစရိတ်ကို ကြေညာခဲ့ပါ တယ်။ တရုတ်နဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ အပါအဝင် လုံခြံရေးဆိုင်ရာပြဿနာတွေကြောင့် ဂျပန် နိုင်ငံက ကာကွယ်ရေးဘတ်ဂျက်ကို ဒေါ်လာ ၅၅ ဘီလီယံအထိ တိုးမြှင့်ခဲ့ပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့က အာ ကာသဆိုင်ရာ စူးစမ်းရှာဖွေရေးမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို မကြာသေးမီက လက် မှတ်ရေးထိုးခဲ့ပါတယ်။
တရုတ်နိုင်ငံက ဂြိုဟ်တု တည်ဆောက်ရေးလုပ်ငန်းတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်နေတာကြောင့် နှစ် နိုင်ငံကြား ကာကွယ်ရေးစာချုပ်ကို ထိခိုက်စေနိုင်တဲ့ အာကာသတွင်း တိုက်ခိုက်မှုတွေကြောင့် အခုလို သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ကိုးကား – Aljazeera
Ref; Japan, US and Europe must act together on China, PM Kishida says