ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၄ ရက်
ဝန်ကြီးချုပ် ဟွန်ဆမ်နဲ့ သူ့ရဲ့အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်ချီ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့ပြီ သူ့ပါတီကိုဝေဖန်ရင် အကျိုးဆက်တွေရှိလာမယ်လို့ ဟွန်ဆမ်က သတိပေးလိုက်ပါတယ်။
ဟွန်ဆမ်က သဘောထားကွဲလွဲသူတွေကို နှိပ်ကွက်ဖို့ ဉပဒေနဲ့ အကြမ်းဖက်မှုဆိုတဲ့ နည်းလမ်းနှစ်ခု အ သုံးပြုနေတယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ ဟွန်ဆမ် အာဏာရရှိကတည်းက အစိုးရအပေါ် ဝေဖန်သူ တွေကို အကြမ်းဖက်မှုနည်းလမ်းနဲ့ နှိပ်ကွက်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က သူ့ရဲ့အာဏာကို စိန်ခေါ်နိုင်တဲ့ပါဆီက ဖျက်သိမ်းခံရတဲ့ ကမ္ဘောဒီးယား အမျိုးသားကယ် တင်ရေးပါတီ (CNRP) တစ်ခုတည်းသာ ရှိခဲ့ပါတယ်။
ဖိအားပေးမှုတွေ၊ ခြိမ်းခြောက်တာတွေ၊ ထောင်ချတာတွေနဲ့ ပြည်နှင်ဒဏ်ပေးတာတွေက အတိုက်အခံ တွေကို မရပ်တန့်နိုင်တာကြောင့် ဟွန်ဆမ်က သဘောထားကွဲလွဲသူတွေကို နှိပ်ကွက်ဖို့ တရားရုံးတွေကို အသုံးချ လာပါတယ်။
“ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာချိန်မှာ အာဆီယံနဲ့ နိုင်ငံတကာအ သိုင်းအဝိုင်းက တိုင်းပြည်အတွင်း လက်ရှိအခြေအနေဟာ ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ် ဖြစ်နိုင်တယ်လို့ မိုက်မဲ စွာ မယုံကြည်သင့်ပါဘူး” အင်ဒိုနီးရှား အောက်လွှတ်တော်အမတ်နဲ့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များအဖွဲ့ (APHR) မှ မာစီဘာရန်းက ပြောပါတယ်။
“အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ အတိုက်အခံတွေ ကိုနှိပ်ကွက်တာ ရပ်တန့်ဖို့နဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းဖို့ လက်မှတ်ရေးထိုးခဲ့တဲ့ ပါရီငြိမ်းချမ်းရေး သဘောတူညီချက်ကို လိုက်နာဖို့ ကမ္ဘောဒီးယားအစိုးရကို ဖိအားပေးသင့်ပါတယ်” လို့ သူက ဆို ပါတယ်။
ဟွန်ဆမ်ရဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေး၊ ယူကရိန်းပဋိပက္ခမှာရပ်တည်ချက်၊ ထိုင်ဝမ် အရေးမှာ တရုတ်နဲ့ပူးပေါင်းမှုကြောင့် နိုင်ငံတကာရဲ့ဖိအားနဲ့ သံသယတွေ တိုးလာစေခဲ့ပါတယ်။