ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၄ ရက်

မကွေးတိုင်း၊ ပေါက်မြိုနယ်၊ ကုက္ကိုစုရွာရှိ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်၁၁နှာရီ ဝန်းကျင်အချိန်၌ မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

ကုက္ကိုစုရွာတွင် အထိုင်ချနေသော အင်အား ၅၀ ခန့်ရှိသောစစ်ကောင်စီနှင့်ပျူအဖွဲ့ များသည် ရေပြာစခန်းနှင့်ကုက္ကိုစုရွာကို ကင်းလှည့်ပတ်နေခြင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ချုံခိုစောင့်ကာ မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Regional Defense Force – Paukအဖွဲ့ထံမှသိရသည်။

“သူတို့ကို တိုက်ဖို့မိုင်းထောင်ပြီး စောင့်နေတာ တစ်ညလုံးပဲ။ မနက် ၁၁နှာရီဝန်းကျင်လောက်မှ စစ်ကောင်စီတပ်က ၁၀ဦး ဝန်းကျင်လောက် ကင်းလှည့်ချိန်ကို မိုင်း၅ လုံးနဲ့ တိုက်တာ ၂ယောက်က ကျပြီး ၃ယောက်လောက်ဒဏ်ရာရတယ်။ သူတို့က ရမ်းသမ်း ပစ်ခတ်ပေမယ့် ကျတော်တို့အဖွဲ့‌တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျတော်တို့အဖွဲ့‌တွေအနေနဲ့ ပြည်သူ့ပန်းတိုင်ဖြစ်တဲ့ လွတ်လပ်ရေးကို အရှိန်မြှင့်လုပ်ဆောင်ကာ ကျရာနေရာမှတာဝန်ထမ်းဆောင်သွားမှာပါ။ ကျတော်တို့ပြည်သူတွေရဲ့အားနဲ့ စစ်ကောင်စီက မကြာခင် ကျဆုံးတော့မှာပါ။ ပြည်သူတွေလဲ အားတင်းထားကြပါ”ဟု Regional Defense Force – Paukအဖွဲ့ခေါင်းဆောင် ဗိုလ်မော်ကွန်း ကဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးများဖြစ်သော Regional Defense Force – Pauk ၊နွေဦးညီနောင်-ပြောက်ကျားတပ်ဖွဲ့၊ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Regional Defense Force – Pauk ထံမှ သိရသည်။