ဧရာဝတီတိုင်းမ်
ဇန်န၀ါရီလ ၁၃ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သားတစ်ဦးမှာ ဇန်နဝါရီလ ၆ ရက်နေ့က CDF – Zophei ထံ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ CDF – Zopheiမှ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားမှာ M1 သေနတ်တစ်လက်၊ ကျည်များနဲ့အတူ CDF – Zophei ထံ လက်နက်နဲ့ အလင်းဝင်ခိုလှုံလာတာဖြစ်ပြီး ၎င်းကို ဆုငွေချီးမြှင့်ကာ လုံခြုံစိတ်ချရတဲ့ နေရာသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
CDF – Zophei ထံ လက်နက်နဲ့ အလင်းဝင်လာသူ စုစုပေါင်း ၅ ဦးထိ ရှိလာပြီဖြစ်တယ်လို့ CDF – Zophei ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#CDF #Zophei #စစ်ကောင်စီ #အလင်းဝင် #ခိုလှုံ
#Ayeyarwaddy_Times