ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇန်နဝါရီလ ၁၃ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ကျေးရွာတွင် ဇန်နဝါရီလ ၁၁ ရက် ည ၁၁ နာရီဝန်းကျင်က ပျူစောထီးအဖွဲ့ဝင်ကျော်ကျော်ဆိုသူအား သာယာဝတီခရိုင်PDF တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ပျူစောထီးအဖွဲ့ဝင်ကျော်ကျော်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပဲခူးရိုးမအတွင်းလမ်းပြအဖြစ်လုပ်ဆောင်ပေးနေသဖြင့် ၎င်းအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ၎င်း၏နေအိမ်၌ပင် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
“သူ့ရဲ့မိသားစုဝင်တွေလည်းတပ်ထဲမှာဘဲနေတယ်၊ သူကစစ်တပ်မိသားစုဝင်လဲဟုတ်တယ်၊ ရိုးမထဲမှာစစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကိုလည်း လမ်းပြအဖြစ်လုပ်ဆောင်ပေးတယ်၊ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တယ်ဆိုပြီးလဲ နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်လို့ ရှင်းလင်သခဲ့တာပါ။”ဟု ပဲခူးတိုင်းသတင်းပြန်ကြားရေး တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ် ကိုပြောသည်။
ပျူစောထီးအဖွဲ့ဝင်ကျော်ကျော်သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏လှုပ်ရှားသွားလာမှုများကို စစ်ကောင်စီထံသတင်းပေးခြင်း၊ မတရားနည်းလမ်းဖြင့် စစ်ကောင်စီအတွက်ဆက်ကြေးကောက်ပေးခြင်း၊ ပြည်သူများအားစစ်ကောင်စီတပ်များနှင့်ပူးပေါင်းကာဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်လေ့ရှိကြောင်း Bago Region PDFထံမှသိရသည်။
ဇန်နဝါရီလ ၃ ရက်နေ့ကလည်း အုတ်ဖို့မြို့ လဝကရုံး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသဖြင့် လူနှင့်ရုံးတွင်းပစ္စည်းတချို့ထိခိုက်ပျက်ဆီးခဲ့ကြောင်းသိရသည်။