ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်
မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖြုတ်ချခဲ့တ နှစ်နှစ်နီးပါးကြာပြီးတဲ့နောက် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး အာဏာသိမ်းစစ်ကောင်စီကို အာဆီယံဥက္ကဌ အင် ဒိုနီးရှားနိုင်ငံက တွန်းအားပေးရမယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က အစီရင်ခံစာတစ်စောင်အ တွင်း ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပေးသရွေ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မထောက်ခံ ကြဖို့ နယူးယောက်မြို့တော်အခြေစိုက် HRW က အင်ဒိုနီးရှားနဲ့ အာဆီယံအဖွဲ့ဝင်ရှစ်နိုင်ငံကို တိုက်တွန်းလိုက်ပါ တယ်။
“၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေကိုဖြေရှင်းဖို့ ပိုမိုပြင်းထန်သော အရေးယူမှု လုပ်ဆောင်သင့်ပါတယ်” လို့ HRW က ပြောပါ တယ်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ဖို့ပျက်ကွက်တဲ့ အာဏာသိမ်းစစ်ကောင်စီကို တာဝန်ခံ စေရေး အင်ဒိုနီးရှားနိုင်ငံက အရေးယူဖို့ HRW ရဲ့ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး အယ်လိန်းပီးယားဆင်က တောင်း ဆိုလိုက်ပါတယ်။
“မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့က ရှုတ်ချတဲ့ စကားလုံးတွေနဲ့မရ တာကြောင့် အရေးယူမှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ လူထုအခြေခံ အာဆီယံအဖွဲ့ကိုပေးထားတဲ့ ကတိကဝတ် ပျက်ကွက်ခဲ့တာကြောင့် မြန်မာနိုင်ငံက အာဆီယံအဖွဲ့ကနေထုတ်ပယ်ဖို့ အာဆီယံက စဉ်းစားသင့်ပါတယ်” လို့ ပီးယားဆင်က ဂျကာတာမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ဖို့ပျက်ကွက်တာကို စိတ် ပျက်မိတယ်လို့ အင်ဒိုနီးရှားနဲ့ အခြားအာဆီယံနိုင်ငံတွေက ထုတ်ဖော်ပြောခဲ့ပါတယ်။
ဘုံသဘောတူညီချက် လိုက်နာဖို့ နေပြည်တော်က အာဏာသိမ်းစစ်ကောင်စီကို စုပေါင်းဖိအားပေးရာမှာ အားနည်းတာကြောင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အာဆီယံအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါ တယ်။
အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ အထူးကိုယ်စားလှယ်ရုံး ထူထောင် မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားခဲ့ပါတယ်။
ဒီနှစ် စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အာဆီယံအဖွဲ့နဲ့ ကုလသမဂ္ဂကို ပီးယားဆင်က တောင်းဆိုလိုက်ပြီး အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုးကား – RFA
Ref; Rights watchdog group wants Indonesia, ASEAN to push Myanmar to end violence