ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က စက်ဘီးလာစီးတဲ့အမျိုးသမီးတစ်ဦး စက်ဘီးမှောက်ပြီး ဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ကမာရွတ်မြို့နယ်ကနေ ရွှေသောင်ယံကမ်းခြေကို အပန်းဖြေစက်ဘီးလာစီးတဲ့ အမျိုးသမီးဟာ Sea& Lake မှာ စက်ဘီးမှောက်ပြီး မျက်နှာစောင့်မိရာကနေ သတိလစ်သွားတာကြောင့် ချောင်းသာလမင်းဆေးရုံကို ပို့ဆောင်ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ စက်ဘီးမှောက်တော့ မျက်နှာနဲ့ကျတယ်ပြောတယ်၊ ပိုဆိုးတာက သူကသတိလစ်သွားပြီး နှာခေါင်းသွေးပါ ထွက်တာ စိတ်ပူရတဲ့ အနေအထားဖြစ်လို့ ဆေးရုံတင်လိုက်ရတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စက်ဘီးမှောက်တဲ့အမျိုးသမီးဟာ သက်သာလာခြင်းမရှိတာကြောင့် ချောင်းသာ လမင်းဆေးရုံကနေ ရန်ကုန်မြို့ ကွယ်ကာဘောဆေးရုံကို လွှဲပြောင်းပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါအမျိုးသမီး စက်ဘီးမှောက်တဲ့နေရာဟာ ဖြစ်လေ့ဖြစ်ထနည်းပြီး အကာကွယ်မပါတာကြောင့် ခုလိုမျိုး စိုးရိမ်ရတဲ့အနေအထားဖြစ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။