ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ကောလင်းမြို့နယ်အ တွင်း ဇန်နဝါရီလ ၁၂ ရက် ယမန်နေ့က နေ့လည် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကောလင်းမြို့ အထက ၁ တွင် တပ်စွဲထားသော အင် အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်များသည် ကျုံးကြီးရွာသို့ စစ်ကြောင်းထိုးလာစဥ် စိတ်တ္တူနှင့်ကျုံးကြီးရွာအကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“သူတို့ကမြို့ပေါ်ကနေထွက်လာပြီး စိတ္တူကနေ ကျုံး ကြီးရွာအကူးမှာ ကျတော်တို့ ကာကွယ်ရေးတပ်တွေက ဝိုင်းပြီးတိုက်ခိုက်ကြတာပါ၊သူတို့ဘက်က ၁၀ ဦးလောက်ကျပြီး အများအပြားဒဏ်ရာရကြတယ်၊တရွတ်တိုက်ပြီးဆွဲသွားတာ မနဲဘူး။တိုက်ပွဲကနေ့လည် ၂ နာရီက စဖြစ်တာ ညနေ ၅ နာရီလောက်မှ ပြီးသွားတယ်၊သူတို့က ကျုံးကြီးရွာကိုမီးရှို့ဖျက်ဆီးပြီး အခုထိ အဲ့မှာ ရှိနေတုန်းပါ၊ရွာသားတွေကတော့ ဘေးကင်းရာမှာ ရှိနေကြပါတယ်”ဟု ကောလင်းဒေသကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြော သည်။
အဆိုပါတိုက်ခိုက်မှုကို ကောလင်း တပ်ရင်း ၁ ၊ဝန်းသိုတပ်ရင်း ၄ နှင့်ကောလင်းဝန်းသို ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။