ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၂ ရက်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ကစဉ့်ကလျားဖြစ်နေတာကို ဖြေရှင်းဖို့ အကောင်းဆုံးကြိုးပမ်းမယ်လို့ အာဆီယံအလှည့်ကျ အင်ဒိုနီးရှားနိုင်ငံက ကတိပြုခဲ့ပြီး မြန်မာ့အရေးကြောင့် အာဆီယံအဖွဲ့ ဓားစာခံအဖြစ်မခံဘူး လို့ ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးဖြေရှင်းရာမှာ ယခင် အာဆီယံအလှည့်ကျဥက္ကဌတွေလို ဘုံသဘောတူ ညီချက်ငါးရပ်ကို စွဲကိုင်မယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက်ငါးရပ်နဲ့အညီ နိုင်ငံရေးအကျပ်အတည်းကနေ ထွက် ပေါက်ရရှိအောင် အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံကို အစွမ်းကုန်ကူညီမယ် လို့ နိုင်ငံခြား ရေးဝန်ကြီး ရတ်နိုမာဆူဒီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဆီယံအဖွဲ့က စိတ်ပျက်မိပါတယ်။ အာဆီယံဥက္ကဌနဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဘယ်လိုပဲကြိုးပမ်းပါစေ မြန် မာစစ်ကောင်စီက ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိပါဘူး လို့ ရတ်နိုက ဆိုပါတယ်။
ဘုံသဘောတူညီချက်အပြင် မြန်မာ့အရေးနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ အစီအမံတွေထဲမှာ အာဆီ ယံပဋိဉာဉ် အခြေခံစည်းမျဉ်းတွေကို လိုက်နာမယ်လို့ သူက ပြောပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အင်ဒိုနီးရှားနိုင်ငံက ရတ်နိုမာဆူဒီ ဉီးဆောင်သော အာဆီယံ အထူးကိုယ်စား လှယ်ရုံးကို ဖွဲ့စည်းမှာဖြစ်ပါတယ်။
အာဆီယံဉက္ကဌ အင်ဒိုနီးရှားနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမည်ဖြစ်ကာ ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ရတ်နိုက ပြောပါတယ်။
သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပြုဖို့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အတွင်းရေးမှူးချုပ်သစ် ကောင်ကင် ဟွန်နဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ AHA Center ကို တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ ပိုခက်ခဲပါလိမ့်မယ်။ ပြဿနာဖြစ် ရတဲ့ အကြောင်းရင်းကို မဖြေရှင်းရင် ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့သုံးလအတွင်း ရိုဟင်ဂျာ ၆၄၄ ဉီး ထပ်ရောက်လာတာကြောင့် အင်ဒိုးနီးရှားနိုင်ငံသို့ ဆိုက်ရောက် လာတဲ့ ရိုဟင်ဂျာစုစုပေါင်း ၁၅၀၀ ခန့် ရှိလာပြီလို့ သိရပါတယ်။
ကိုးကား – Jakarta Globe
Ref; ASEAN Chair Indonesia Promises to Do Its Best for Myanmar Crisis