ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၂ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသားမြို့မှာ ဇန်နဝါရီလ ပထမပတ်အတွင်း ဒေသခံ ၇ ဦးကို စစ်ကောင်စီ တပ်သားတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
ချောင်းသာတစ်ဖက်ကမ်းမှာရှိတဲ့ ကံကြီးကျေးရွာက ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်တွေက အကြောင်းပြ ချက်မရှိဘဲ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။
“ဒီလ ၈ ရက်နေ့လား ၉ ရက်နေ့လားသာသေချာမသိတာ၊ အဖမ်းခံရတာတော့ ဟုတ်တယ်၊ ပုသိမ်ကို ဖမ်းသွား တာလို့ ကြားတယ်၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်လို့ဆိုပြီးတော့ပြောတယ်”လို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကံကြီးကျေးရွာက ဒေသခံ ၇ ဦးကို ဖမ်းဆီးပြီး အပြန်မှာ လမ်းမှာရှိတဲ့ ဆိတ်ကြီးကျေးရွာက အမျိုးသမီး ၂ ဦးကို လည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေက ချောင်းသာရဲစခန်းကို သွားရောက်စုံစမ်းပေမယ့် တွေ့ခွင့်မရခဲ့သလို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာလည်း အတည်ကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။