ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၂ ရက်
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားရှိ အဆင့်မြင့်ရဲစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းက ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မန္တလေးမြို့ပြပျောက်ကျား ACID Army PDF-MDY မှ ပြောသည်။
ခြံစည်ရိုးများအထပ်ထပ်ခတ်ကာထားသည့် ရဲစခန်းဝင်းထဲကို ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်း ထဲမှ ပြန်လည်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။
“ပြည်ကြီးတံခွန် အဆင့်နိမ့်(အဆင့်မြင့်)ရဲစခန်းအထဲ ကိုလျက်ဆားပုလင်းတစ်လုံး သွားရောက်ရောင်းချခဲ့ တာပါ။ ချောင်းဆိုးနေတဲ့ ခွေးအရေအတွက်ကများ တော့ အလုအယက်စားသောက်ကြတာ။ အတွင်းထဲထိရောက်တာဆိုတော့ လျက်ဆား လျက်လို့ကောင်း မယ်ထင်ပါတယ်”ဟု ACID Army PDF-MDY မှ တပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေ ဆုံးမှုကို မသိရှိရသေးကြောင်းနှင့် ၎င်းတို့ဒီထက်မက မစ်ရှင်ဖော်ဆောင်နိုင်ရန်ထောက်ပံ့ပေးကြရန်လည်း တိုက်တွန်းမေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း အဆိုပါ ပြည်ကြီးတံခွန်အဆင့်မြင့်ရဲစခန်း ဂိတ်ပေါက်ရှိ စစ် ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးပစ်တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်းသ်ိရသည်။