ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၂ ရက်
အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှုအလွန် အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့ အထူးကိုယ်စားလှယ်ရုံးတစ်ခု တည်ထောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီး ရှားနိုင်ငံက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်နဲ့အညီ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
အထူးကိုယ်စားလှယ်ရုံးကို ဖွဲ့စည်းကာ နိုင်ငံခြားရေးဝန်ကြီးက ဉီးဆောင်မှာဖြစ်ပါတယ် လို့ ရတ်နိုမာ ဆူဒီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာ့အရေး ဘုံသဘောတူညီချက်ကိုပယ်ချကာ အချိန်ကန့်သတ်ချက်ပါဝင်တဲ့ အစီအစဉ်သစ်တစ်ခု ဖန် တီးဖို့ အချိန်ရောက်ပြီလို့ ဒေသတွင်း လေ့လာသူများနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်က ပြော ကြားခဲ့ပါတယ်။
ဘုံသဘောတူညီချက်ငါးရပ်ဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ အကောင်းဆုံးလမ်းကြောင်းလို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။
ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရေးဟာ မြန်မာ့အရေး ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖွေရာမှာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာ ကျွန်တော်နဲ့ သမ္မတ ဂျိုကိုဝီတို့ သဘောတူပါတယ် လို့ ဘိုဂေါ်မှာပြု လုပ်တဲ့ အင်ဒိုနီးရှားသမ္မတနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အန်ဝါက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အာဏာသိမ်းစစ်ကောင်စီအပေါ် တင်းတင်းမာမာ ရပ်တည်ချက်မထားရင် အပြောင်း အလဲ သိပ်ရှိမှာမဟုတ်ဖူးလို့ လေ့လာသူတွေက ပြောပါတယ်။
စစ်ကောင်စီက ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုအနည်းငယ်သာရှိခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ဝန်ခံခဲ့ပါတယ်။
ကိုးကား – RFA
Ref; ASEAN chair Indonesia to set up special envoy office on Myanmar