ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
ချင်းပြည်နယ်၊မင်းတပ်မြို့ တိုက်နယ် အမှတ် ၃ လီလောင်းကျေးရွာတွင် ဇန်နဝါရီလ ၉ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က အသက် ၁၇ နှစ် အရွယ် မိန်းက လေး ၁ ဦးကို နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သတင်းရရှိသည်။
အဆိုပါ မိန်းကလေး၏ ဖခင်ဖြစ်သူအား ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီ ခလရ ၂၇၄ တပ်ရင်းစစ်ကြောင်းက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ထွက်ပြေးသွားကြောင်း၊ ယင်းကဲ့သို့ထွက် ပြေးသဖြင့် ၄င်း၏နေအိမ်ကို ဝင်ရောက်ပစ်ခတ်ရာမှ သမီးဖြစ်သူသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့အဖေကို ၇ ရက်နေ့က ဖမ်းသွားတာ။ သူတို့ (စကစ)ဖမ်းထားတာကိုထွက်ပြေးသွားလို့ဆိုပြီး မိသားစုတွေ အိပ်နေကြတဲ့အချိန် ၉ ရက်နေ့ညပိုင်းကြီး စစ်ကောင်စီတပ်တွေရောက်လာပြီး အိပ်နေတဲ့ ၁၇ နှစ်အရွယ်ကလေးမလေးကို ပစ်သတ်သွားတယ်၊သူ့အမလည်း နဖူးကိုရှပ်ထိတယ်၊ သူ့မောင်လေးနဲ့အမေလည်း ကြောက်လန့်ပြီးထွက်ပြေးတာ အခုထိမတွေ့သေးဘူး၊သူ့အဖေနဲ့ လည်းအဆက်သွယ်မရသေးဘူး” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
အဆိုပါ အင်အား၁၀၀ ခန့်ရှိသောစစ်ကြောင်းသည် မင်းတပ်မြို့နယ်ရှိ ရောက်ရှိသော ကျေးရွာများရှိ ပြည်သူများကို ပေါ်တာဆွဲပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးကြောင်း CDF-မင်းတပ်ထံမှသိရသည်။
“သူတို့က အဲ့ရွာက အိမ်၃လုံးကိုလည်းမီးရှို့သွားတယ်၊စစ်ကောင်စီတပ်တွေက သတ္တိ ရှိတဲ့ လူ မရှိတော့ဘူး၊စစ်ကြောင်းထိုးလာရင်တောင် အင်းအား အများကြီး သုံးပြီး လက်နက်ကြီးနဲ့ အရင် ရမ်းသမ်းပစ်တယ်။ ပြီးရင် ပြည်သူတွေ၊ကလေးကအစ အမျိုးသမီးတွေအဆုံး ဖမ်းဆီးပြီးလူသားဒိုင်းအသုံးပြုပြီး လာကြတော့ ကျနော်တို့က ပြည်သူ တယောက်ရဲ့ အသက်တောင် မစတေးချင်လို့ မစ်ရှင်တွေ ဖျက်ရတာ အရမ်းများတယ်။ အမျိုးသားတွေကိုဆို လမ်းပြအဖြစ်သာမက သူတို့ အထုတ်အပိုးတွေကို ထမ်းခိုင်းဖို့ သုံးတယ်။ ပီးရင် လူသားဒိုင်းအဖြစ် အကာအကွယ်ယူတယ်။ ရွာတွေကို မီးတိုက်တယ်။ ပြီးရင် ပစ်သတ်ခဲ့ပြီး CDF တွေ က ပြည်သူကို သတ်တယ်ဆိုပြီး ဝါဒဖြန့်တယ်” ဟု CDF-မင်းတပ် ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၃ ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းမှာရှိတဲ့ ကျေးရွာတွေက ပြည်သူပိုင်နေအိမ်တွေကို ဖျက်ဆီးခဲ့ပြီး ပြည်သူတွေ သိုလှောင်ထားတဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ရိက်ခါအသုံးဆောငျတှကေို ခိုးယူသွားကြ ကြောင်းဒေသခံတွေထံမှသိရသည်။