ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၂ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ စစ်ကောင်စီက ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ဌာနချုပ် ကို လေကြောင်းကနေ ပစ်မှတ်ထားပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တိုက်ခိုက်တာကြောင့်သိရသည်။

စစ်ကောင်တပ်၏ လေယာဥ်နဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား တပ်မတော်မှ ရဲဘော်၊ ရဲမေများ ၅ ဦး ကျဆုံးခဲ့ပြီး ၎င်း လုပ်ရပ်အပေါ် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – မင်းတပ် အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ ချင်းတော်လှန်ရေးအဖွဲ့အစည်းတစ်ခု၏ ရုံးစိုက်ရာဌာနချုပ်ကို ယခုလို တိုက်ခိုက်ခြင်းသည် ချင်းပြည်သူ တစ်ရပ်လုံးကို မထီမဲ့မြင်ပြုရာရောက်ပြီး ချင်းပြည်သူအားလုံး၏ စစ်ကောင်စီ အပေါ် နာကြည်းမှုများ တိုးပွားလာစေပြီး ချင်းလူမျိုးများ၏တော်လှန်ရေး စိတ်အားထက်သန်မှုကို ပိုမိုခိုင်မာ စေသည့် လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

ဒါ့ပြင် စစ်ကောင်စီသည် ချင်းပြည်အနှံ့တွင် ဝေဟင်၊ မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat နှင့် ချင်းအမျိုးသား တပ်မတော် CNF/CNA အပါအဝင် ချင်း တော်လှန်ရေးအင်အားစုများ နှင့် ပိုမိုပူးပေါင်း၍ စစ်အာဏာရှင်ဖြုတ်ချရေး ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများ အားသွန်ခွန်စိုက်ဆောင်ရွက်သွားမည်ဟု CDF Mindatကသတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျဆုံးသွားသော CNA/CNF မှ ရဲဘော်၊ ရဲမေ ၅ ဦး။
#Ayeyarwaddy_Times