ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၁၂ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းရှိ မိုင်တဲတာဝါတိုင်ကို ဇန်နဝါရီလ ၁ဝ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း YEဘီလူးအဖွဲ့ထံမှ သိရသည်။

အဆိုပါ YE ဘီလူးအဖွဲ့ထိန်းချုပ်ထားသည့် ကျုံလောင်းရွာဟောင်းရှိ မိုင်တဲတာဝါတိုင်ကို အပြီးတိုင်မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် စစ်ကောင်စီမှဖွင့်လှစ်ထားသည့် စာသင်ကျောင်းတွေကိုပါ ပိတ်သိမ်းခဲ့ကြောင်း YE ဘီလူးတပ်ဖွဲ့ဝင်များကပြောသည်။

“မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီဘက်ကလာတာမျိုးမရှိပါဘူး၊ ကျွန်တော်တို့ရွာကိုထိန်းချုပ်လိုက်ကြောင်း ကြေညာပြီးနောက်မှာတော့ ရွာအပြင်ကိုအဝေးကနေ လက်နက်တွေနဲ့လှမ်းပစ်တာမျိုးတော့ရှိတယ်။ ဒေသခံတွေအထိနာမှာစိုးလို့ကျွန်တော်တို့ပြန်ပစ်တာတော့မလုပ်ခဲ့ပါဘူး။” ဟု ရေးဘီးလူးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျုံလောင်းရွာဟောင်းအတွင်းရှိ စစ်ကောင်စီထောက်တိုင်များနှင့် စစ်ကောင်စီအပေါင်းအပါများကိုလည် YE ဘီလူးတပ်ဖွဲ့မှရှင်းလင်းသွားမည်ဟုဆိုသည်။

ဒါ့ပြင် ကျုံလောင်းရွာဟောင်းရှိ အဆိုပါတာဝါတိုင်အောက်ခြေရှိ ထိန်းချုပ်ပစ္စည်းများကိုလည်း YE ဘီလူး တပ်ဖွဲ့မှ ဇန်နဝါရီလ ၂ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခဲ့ပါသေးသည်။
#Ayeyarwaddy_Times