နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဇန်နဝါရီလ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်သို့ ချင်းတွင်းမြစ်ကြောင်းမှ ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အား ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)၊ ဓားမဆိုင်းတပ်မတော် (D M S A) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှိမ်တိုင်တိုင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ၂၁ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ PDF များထံမှ သိရသည်။
” ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၇ဘနာရီက ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့အဖွဲ့ကို ကျွန်တော်တို့ ဓားမဆိုင်းတပ်ဖွဲနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းပြီး ချုံခိုက်တိုက်ခဲ့တာ။ ညနေ ၅ နာရီမှာတကြိမ် စုစုပေါင်း ၂ကြိမ်တိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်မှစစ်သား ၂၁ ယောက်သေဆုံးသွားတယ်”ဟု ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်ထက်ခေါင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီဘက်မှ သေဆုံးသူများ၏ ရုပ်အလောင်းများကို ကားဖြင့် လာရောက်သယ်ဆောင်သွားပြီ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န.မ.ခ)အတွင်းသို့ သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)၊ ဓားမဆိုင်းတပ်မတော် (D M S A) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မနက်ပိုင်းမှာမိုင်းခွဲတိုက်ခိုက်ပြီး ကျွန်တော်ရဲဘော်တွေနဲ့အတူဝင်ပစ်တာ ၈ယောက်သေပြီး ညနေပိုင်းမှာ ၁၃ယောက်သေတယ် မုံရွာအမြင်ဘက်ကနေမြစ်ကြောင်းအတိုင်းတတ်လာတာ ကျွန်တော်တို့ပြစ်ခက်ပြီးနှစ်ဘက်ထိတွေတိုက်ပဲဲဖြစ်ပြီးနောက်မှာပဲ မုံရွာမြိူ့မှာရှိတဲ့နာရေးကားတွေနဲ့ မုံရွာ နမခ ထဲကိုဒဏ်ရာရတဲ့သူတွေကေား သေဆုံးသွားတဲ့အလောင်းတွေပါသည်သွားပြီး မိမိတို့ဘက်မှ အထိခိုက်မရှိပဲပန်ဆုပ်ခွာလာနိုင်ခဲ့တယ်လို့၎င်းကဆိုပါတယ်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ဝမ်ပေါင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးရှိကျေးရွာတွေကို စစ်ကောင်စီတပ်မှ ဇန်နဝါရီလပထမပတ်မှ စတင်ကာ စစ်ကြောင်းသုံးကြောင်းဖြင့် မြေပြင်မှသာမက ရေကြောင်းဖြင့်ပါ ထိုးစစ်ဆင်နေပြီး ကျေးရွာ ၄ ရွာအားမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ PDF များနှင့်လည်း မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။
#စစ်ကိုင်း #ချင်းတွင်း #စစ်ကောင်စီ #ရေယာဥ် #PDF #ခြုံခိုတိုက်ခိုက်
#Ayeyarwaddy_Times