ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဇန်နဝါရီလ ၁၁ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပိန်းစဇလုပ်မြို့အခြေစိုက် ခမရ(၂၆၄)တပ်ရင်းအား ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လည်ပိုင်း၌ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ဆက်သွယ်ရေးတံတား ၂ စင်းအား ပဲခူးခရိုင် PDFတပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၁မှဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပိန်းဇလုပ်မြို့နယ်အခြေစိုက်ခြေမြန်တပ်ရင်း ခမရ(၂၆၄)တပ်ရင်းအား ယမနနေ့တွင် M79ဖြင့် ၂ ချက်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးနေအိမ်ရှေ့သို့ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးသည်ဟု သိရှိရကြောင်း Bago Region PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ခမရ ၂၆၄ တပ်ကိုလက်နက်ကြီးနဲ့ပစ်တာ။ စစ်တပ်ထဲက တပ်သား ၁ ယောက်သေတယ်လို့သတင်းကြားရတယ်။ ကျွန်တော်တို့ဘက်ကတော့အတည်မပြုနိုင်သေးဘူး။ ပြီးဝော့ာညောင်လေးပင်ခရိုင်ထဲက စစ်ကောင်စီတပ်တွေအသုံးပြုတဲ့ လမ်းက တံတား၂စင်းကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်။ ဒီတံတားကပြည်သူတွေသုံးနေကျတံတားမျိုးမဟုတ်ပါဘူး။ စစ်တပ်ကအဓိကအသုံးပြုနေလို့ဖျက်ဆီးခဲ့တာပါ။” ဟု ပဲခူတိုင်းသတင်းပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ညောင်လေးပင်ခရိုင်တွင်းရှိ ခင်ကန့်လန့်ရွာနှင့်ကညင်ကျိုးရွာကြားရှိ စစ်ကောင်စီတပ်မှအသုံးပြုနေသည့်ဆက်သွယ်ရေးတံတားတစ်စင်းအားဖောက်ခွဲဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်၏ ထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းရှိ နောက်ထပ်တံတာတစ်စင်းကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ပဲခူခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ရင်း ၂ မှ ကျောက်ကြီးမြို့နယ်
တွင် ထောင်ထားသည့်မိုင်းအား လာရောက်ရှင်းလင်းစဉ် မိုင်းပေါက်ကွဲ၍ ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDFထံမှ သိရသည်။