ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၁ ရက်
နှစ်နိုင်ငံကြား ရန်လိုမုန်းတီးမှုတွေဖြစ်နေတာ တတိယမြောက်နှစ်ထဲ ဝင်လာချိန်မှာ တရုတ်နယ်စပ်တစ် လျောက် ဖြန့်ကြက်ဖို့ အိန္ဒိယနိုင်ငံက သယ်ရလွယ်ကူသော လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ဝယ်ယူမှာ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်း ဉီးဆောင်တဲ့ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးကောင်စီက တာတို ဒုံးကျည်ဝယ်ယူရေး အစီအစဉ်ကို အတည်ပြုခဲ့တယ်လို့ ကြေညာချက်တစ်ရပ်အရ သိရပါတယ်။
“မကြာသေးမီက တင်းမမှုတွေကြောင့် သယ်ယူရလွယ်ကူပြီး တောင်ထူထပ်ရာဧရိယာတွေမှာ မြန်မြန် ဆန်ဆန် ဖြန့်ကြက်နိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူဖို့လိုအပ်နေပါပြီ” လို့ ထုတ်ပြန်ချက်က ဆိုပါ တယ်။
အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဉီးနဲ့ တရုတ်စစ်သား လေးဉီးထက်မနည်း သေဆုံးခဲ့တဲ့ နှစ် ၄၀ အတွင်း အဆိုးရွား ဆုံးဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း နှစ်ဘက်တပ်ဖွဲ့တွေကြား ရန်ပွဲကြောင့် အာရှအင်အားကြီးနှစ်နှစ်နိုင်ငံရဲ့ နယ်စပ်တစ်လျောက် တင်းမာမှုတွေ မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့အတွင်း အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အရူနာချယ်ပရာဒက်ရှ်ပြည်နယ်မှာ နှစ်ဘက်တပ်ဖွဲ့တွေ ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။
နှစ်နိုင်ငံတပ်မှူးတွေက နယ်စပ်အငြင်းပွားမှုပြဿာနာကိုဖြေရှင်းဖို့ အစည်းအဝေး ၁၇ ကြိမ် ပြုလုပ်ခဲ့ပေ မယ့် တိုးတက်မှုတော့ မရရှိခဲ့ပါဘူး။
တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအတွက် တင့်ဖျက်ဒုံးတွေ၊ စစ်သင်္ဘောတွေအတွက် ဘရာမော့စ် သင်္ဘော ဖျက်ဒုံးကျည်တွေ ဝယ်ယူဖို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
အဆိုပါစစ်လက်နက်တွေ ဝယ်ယူရာမှာ အမေရိကန်ဒေါ်လာ ၅၂၃ သန်းနဲ့ညီမျှတဲ့ ရူပီး ၄၂ ဘီလီယံကျော် ကုန်ကျမှာဖြစ်ပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနကတော့ အသေးစိတ် မပြောကြားခဲ့ပါဘူး။
ကိုးကား – Bloomberg
Ref; India to buy, deploy portable air defense missiles along disputed border with China