ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၁ ရက်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် စည်ပင်သာ ယာရုံးတွင်တပ်စွဲတည်ဆောက်ထားသည့်ဘန်ကာအတွင်းသို့ ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Yangon Underground Force – YUF မှပြောသည်။
ယမန်နေ့ ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီခန့်က ထောက်ကြန့်စည်ပင်ရုံး ဘန်ကာအတွင်းရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများထိခိုက်မှုရှိနိုင်ကြောင်းနှင့် ဘန်ကာမှာပျက်စီးသွားသည်ဟု ဆိုသည်။
“စည်ပင်ရုံးအတွင်းမှာ စစ်သားတွေအမြဲနေရာယူနေ တဲ့ ဘန်ကာကိုလက်ပစ်ဗုံးပစ်သွင်းခဲ့တာပါ။ အခြေအနေအသေးစိတ်ကို မသိရသေးဘူး”ဟု YUF တပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းထောက်ကြန့်စည်ပင်ရုံးမှစစ်ကောင်စီလက်အောက် ခံဝန်ထမ်းများသည် တရားမဝင်လူဦးရေစာရင်း ကောက် ယူရာတွင်ပါဝင်ကူညီနေခြင်းကို သတိပေးတိုက်ခိုက်ခြင်းဖြစ်ကြောင်း YUF မှ ဆက်လက်ပြောသည်။
ထို့အပြင် ပြည်သူများအနေဖြင့် အဖက်ဖက်မှ တော် လှန်ရေးအရှိန်မြှင့်လုပ်ဆောင်နေသည့် ယခုကာလ၌ ယခင်ထက် သတိထားသွားလာနေထိုင်ကြရန် အသိပေးပြောဆိုထားသည်။