ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၁ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်မှာ ဇန်နဝါရီလ ၆ ရက်နေ့က အကျဉ်းထောင်တွင် ပစ်ခတ်မှုဖြစ်စဉ် ကြောင့် သေဆုံးခဲ့ရတဲ့ ကိုဝေယံဖြိုးရဲ့ ရက်လည်ကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အကျဉ်းထောင်တွင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုဝေယံဖြုးရဲ့ အလောင်းကို စစ်ကောင်စီက မိသားစုကို ပြန်မပေးခဲ့ပေမယ့် မိသားစုကတော့ ချောင်းသာမှာရှိတဲ့ နေအိမ်မှာ ရက်လည်ပြုလုပ်သွားမှာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
“ မိုက်ရိုင်းတာ မိသားစုကို အလောင်းပြန်မပေးဘူး၊ သဂြိုလ်တဲ့အချိန်မှာတောင် အဝေးကနေပဲ ကြည့်လိုက်ရတယ်။ နာရေးကိုတော့ မိသားစုက သူတို့နေအိမ်မှာ မနက်ဖြန်လုပ်မယ်”လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး ကိုဝေယံဖြိုးသေဆုံးတဲ့နေ့မှာပဲ မိသားစုကို ထောင်အာဏာပိုင်တွေက ဆက်သွယ်ခဲ့ပေမယ့် စစ်ကောင်စီအရာရှိတွေက တွေ့ခွင့်မပေးခဲ့တာလို့ ဆိုပါတယ်။
ထောင်အတွင်းပစ်ခတ်မှုမဖြစ်ခင်ညက အကျဉ်းထောင်အာဏာပိုင်တွေ ခေါ်ထုတ်သွားတဲ့ နိုင်ငံရေး အကျဉ်းသား ၈ ဦးကိုလည်း ၇ ဦးကိုသာပြန်ပို့ပေးခဲ့ပြီး ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးကတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
#ပုသိမ် #အကျဥ်းထောင် #သေဆုံး
#Ayeyarwaddy_Times