ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇန်နဝါရီလ ၁၁ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ဟင်းချိုတောကျေးရွာရှိ ပြည်သူပိုင်နေအိမ် (၅) လုံးကို ဇန်နဝါရီလ ၁၁ ရက် နံနက် ၅ နာရီခန့်အချိန်က စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသွားကြောင်းဒေသခံများထံမှသိရပါသည်။
ဇန်နဝါရီလ ၁၁ ရက် နံနက် ၅ နာရီခန့်အချိန်က အရပ်ဝတ်နဲ့ရောက်လာကြသည့် စစ်ကောင်စီတပ်သား နှင့်ပျူစောထီးအင်အား ၂၀ ဝန်းကျင်ခန့်က ဟင်းချိုတောကျေးရွာရှိ NLD ပါတီထောက်သူ ၅ ဦး၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။
“သူတို့ကစက်လှေတွေနဲ့ ကျောက်နီမော် ဖက်ကနေတက်လာကြတယ်။ပြီးတာနဲ့ မီးတင်ရှို့ကြတယ်။ မီးရှို့ခံခဲ့ရတဲ့နေအိမ်တွေဟာ NLD ထောက်ခံသူ တွေရဲ့နေအိမ်တွေဖြစ်ပါတယ်။ပြီးတော့ပြည်သူပိုင်ဖုန်းတွေကိုလည်းမတရားသိမ်းသွားတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဟင်းချိုတောရွာကို မီးရှို့ဖျက်ဆီးသွားသောသူများမှာ ကျောက်နီမော်ကျေးရွာက အရပ်ဝတ်ဖြင့် ရောက်လာကြသည့် စစ်သားနဲ့ပျူစောထီး အဖွဲ့ဝင်များဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“မနေ့ကတော့ ဟင်းချိုတောရွာကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ကာ ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံပွဲပြုလုပ်ကြပြီး ယနေ့ မနက်ပိုင်းတွင် ယခုကဲ့သို့ မီးရှို့ခံလိုက်ရဖြင်းဖြစ်ပါတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟင်းချိုတော ရွာကနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသော စစ်ကောင်တပ်သားများနှင့်ပျူစောထီးအဖွဲ့ဝင်များသည် ယနေ့ မနက်ပိုင်း၌ စက်လှေဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများထံမှသိရသည်။
#လောင်းလုံး #ဟင်းချိုတော #NLD #ပါတီ #ထောက်ခံသူ #နေအိမ် #မီးတင်ရှို့
#Ayeyarwaddy_Times