ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဇန်နဝါရီလ ၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၁၀ဦး ထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ်ရှိ မိုးကြိုးပြင်နှင့် သာယာကိုင်းကျေးရွာများကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက နှစ်ကြိမ်သွားရောက်သွားရောက်တိုက်ခဲ့ကြောင်း ဆာလင်းကြီးPDFတပ်ဖွဲ့များထံမှသိရသည်။

“သူတို့က မိုးကြိုးပြင်ရွာကို အရင်ရှို့တယ်၊ပြီးတော့ သာယာကိုင်းရွာကို ထပ်ပြီးသွားရှို့တယ်၊အာ့ကြောင့် သူတို့ရှို့တဲ့နှစ်ရွာလုံးမှာ ကျတော်တို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားတိုက်ခိုက်တာ သူတို့အထိနာသွားတယ်၊သူတို့ဘက်က ၁၀ယောက်ကျော်သေပြီး၊အများအပြား ဒဏ်ရာရသွားတယ်၊ပြီးတော့ သူတို့ဘက်က လေယာဉ်နဲ့စစ်ကူလာလို့ ကျတော်တို့လဲ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်”ဟု MPDF Salingyi Subcommittee တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါတိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီတပ်က ညနေပိုင်းတွင် အင်အားအလုံးအရင်းဖြင့် MPDF Salingyi Subcommitteeစခန်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

“ကျတော်တို့နဲ့မနီးမဝေးမှာ လေယာဉ်ဆင်းတာကို တွေ့တော့ သိပ်မသက်ာဖြစ်နေတာပါ။ ပြီးတော့ လူ ၃ ယောက်က ကျွန်တော်တို့စခန်းဘက်ဝင်လာတော့ ကျတော်တို့ထင်တာက ဒုက္ခသည်တွေလို့ဘဲ ထင်မိတာ။ပြီးတော့ သူတို့က အနောက်ကနေ အင်အားအလုံးအရင်းနဲ့ဝင်စီးတော့ ကျတော့တို့လည်း ပစ်ပြေး ပြေးရတာပေါ့ဗျ၊ဘာမှ ယူချိန်မရတော့ဘူးလေ။ကျတော်တို့ဘက်က အထိခိုက်အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်၊ကျတော်တို့စခန်း ဆုံးရှုံးခံလိုက်ပေမယ့်တော်လှန်ရေးအောင်တဲ့အထိ ခိုင်မာသောသန္နိဌာန်ဖြင့် ပြည်သူ့ကိုကာကွယ် သွားမယ် လို့ သစွာပြုပါတယ်”ဟု MPDF Salingyi Subcommitteeအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

MPDF Salingyi Subcommitteeစခန်းကို ဝင်ရောက်စီးနင်းခံရမှုတွင် လက်နက်ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ဆက်သွယ်ရေးကိရိယာ ထုတ်လုပ်ရေးပစ္စည်းများအပါအဝင် ကာလတန်ကြေး သိန်း(၃၀၀)ကျော်ဆုံးရှုံးခဲ့ရကြောင်း အဆိုပါအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

#ဆားလင်းကြီး #PDF #တိုက်ပွဲ #စစ်ကောင်စီ #စခန်း #စီးနင်း
#Ayeyarwaddy_Times