ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၁ ရက်
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မြန်မြန်ဆန်ဆန် ပျံ့နှံ့နေပြီး ကမ္ဘာ့နိုင်ငံတွေကလည်း တရုတ်နိုင်ငံမှ ခရီး သွားတွေအပေါ် ကန့်သတ်ချက်တွေ ပြုလုပ်နေပါတယ်။
ဂျပန်နဲ့တောင်ကိုရီးယားက တရုတ်ခရီးသွားတွေကို ကန့်သတ်ချက်တွေ သတ်မှတ်ထားလို့ တရုတ်နိုင်ငံ ကလည်း အဲဒီနှစ်နိုင်ငံမှ ခရီးသွားတွေကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်ပါတယ်။
“ဝင်ပေါက်တွေမှာ အစီအမံတွေ အကောင်အထည်ဖော်နေပေမယ့် နိုင်ငံတကာခရီးသွားတွေ လာရောက် တာ မရပ်တန့်သွားဖို့ ကြိုတင်အစီအမံတွေ လုပ်ဆောင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တန်ပြန်အစီအမံဆိုတာထက် အခြားအကြောင်းရင်းတွေကြောင့် တရုတ်နိုင်ငံက ဗီဇာထုတ်ပေးမှု ကန့်သတ်တာဖြစ်ပါတယ်” လို့ ဂျပန် နိုင်ငံခြား ရေးဝန်ကြီး ဟာရာရှီယိုရှီမာဆာက ပြောပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှ ခရီးသွားတွေအတွက် ဆိုက်ရောက်ကန့်သတ်ချက်သစ်တွေကို တ ရုတ်နိုင်ငံက မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
“ကမ္ဘာ့နိုင်ငံတွေက ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြပြီး တရုတ်နိုင်ငံကို ပစ်မှတ်ထားတဲ့ စည်းကမ်း ပိုင်းဆိုင်ရာ အဝင်ကန့်ကတ်ချက်တွေ သတ်မှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက အဲဒီလိုကန့်သတ်တာကို ပယ်ချပြီး တန်ပြန်အစီအမံတွေ လုပ်ဆောင်မှာဖြစ်ပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန် ဘင်က ပြောပါတယ်။
တရုတ်ပြည်မကြီးမှလာရောက်တဲ့ ခရီးသွားတွေဟာ ဂျပန်နိုင်ငံမှာ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ကင်းစင် ကြောင်း အထောက်အထားတစ်ရပ် ပြသရမှာဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်မှစပြီး မကာအိုမှလာရောက်တဲ့ ခရီးသွားတွေကိုလည်း အလားတူ ကိုဗစ်-၁၉ ကင်း စင်ကြောင်း အစီအမံတွေသတ်မှတ်ဖို့ ဂျပန်နိုင်ငံက စီစဉ်နေပါတယ်။
ကိုးကား – NHK
Ref; China suspends issuing visas for Japanese travelers