ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ကျားသစ်နက်တပ်မတော်(B.L.P.A)ဒေါင်းစစ်သည်တပ်ခွဲး၏လက်နက်ထုတ်လုပ်မှု့တွင် လက်နက်ကြီး ၅ မျိုး နှင့် 9mm အပါအဝင် သေနတ်အမျိုးစား ၄ မျိုးအထိအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ကျားသစ်နက်တပ်မတော်(B.L.P.A) သည်စစ်ကောင်စီတပ်များကို မြိုင်မြို့နယ်တွင် ထိထိရောက်ရောက်တိုက်ခိုက်နေကာ ဒေါင်းစစ်သည်တပ်ခွဲမှလည်း လက်နက်များကိုကြိုးစားထုတ်လုပ်နေကြပြီး အချို့သောလက်နက်များမှာမြိုင်မြို့နယ်ရှိတိုက်ပွဲးများတွင်အသုံးပြုနိုင်ခဲ့ပြီဖြစ် ကြောင်း ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ဒေါင်စစ်သည်ပြောက်ကျားတပ်ဖွဲ့၏လက်နက်ကြီးထုတ်လုပ်မှုတွင် ၆၀မမ ၊ ၄၀မမ၊ ရှေ့ထွက်မိုင်းများ ၊တိုက်မိုင်းများ ၊လက်ပစ်ဗုံးသီးများမှာ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီ လက်လုပ်မောင်းပြန်များတွင် 9mm 36း0 ၊ 16 AK တို့မှာလည်းအောင်မြင်မှုရရှိနေပြီဖြစ်ကြောင်း ဒေါင်စစ်သည်ပြောက်ကျားတပ်ဖွဲ့မှသိရသည်။
“ထုတ်လုပ်မှု့မှာအောင်မြင်တဲ့လက်နက်တွေက၆၀မမ ၄၀မမရှေ့ထွက်မိုင်း တိုက်မိုင်းလက်ပစ်ဗုံးသီးတွေနဲ့မောင်းပြန်တွေမှာဆို9mm 360 16 AK တို့ကိုအောင်မြင်စွာထုတ်လုပ်နိုင်နေပါပြီဒီလက်နက်တွေနဲ့မြိုင်မြို့နယ် မြောက်ပိုင်းခွေးစစ်ကြောင်းတွေနဲ့ပျူရွာရဲစခန်းတိုက်ပွဲးတွေမှာအသုံးပြု့ခဲ့ပါတယ်”ဟု ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့၏ လက်နက်ထုတ်လုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျားသစ်နက်တပ်မတော်(B.L.P.A)ဒေါင်းစစ်သည်တပ်ခွဲအနေဖြင့် လက်နက်ထုတ်လုပ်ရေးအပိုင်းတွင် လက်နက်ထုတ်လုပ်ရန်အတွက် ရန်ပုံငွေလိုအပ်မှုများရှိနေပြီး ၆၀မမတစ်ခုအချေားဖြစ်လာစေရန်အနည်းဆုံးကုန်ကျငွေ တစ်သိန်းနီးပါးအထိရှိနေကြောင်း B.L.P.A ထံမှ သိရသည်။
#Ayeyarwaddy_Times