ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ စစ်ကောင်စီက ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ဌာနချုပ် (Camp Victoria) ကို လေကြောင်းကနေ အကြမ်းဖက် ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် ထိခိုက်ဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။

ဒီကနေု့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၂၀ ဝန်းကျင်က ဂျက်ဖိုက်တာ ၅ စင်းနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုက်ခိုက်ခံရအပြီး ၂ နာရီကျော်အကြာမှာ အတည်ပြုထုတ်ပြန်ပါတယ်။

“ဒါဟာ စစ််တပ်ရဲ့အကြမ်းဖက် ယုတ်မာမှုတစ်ခုပါ။ သူတို့ကိုယ်တိုင်က တစ်နှစ်လုံး အပစ်အခတ်ရပ််တယ်ဆိုပြီး ခုလို လေကြောင်းနဲ့ ဗုံးကြဲတာဟာ အပြောနဲ့အလုပ် မညီတဲ့လုပ်ရပ်ပါ။ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်လို့မရတော့ဘူးလို့ နိုင်ငံတကာကို အသိပေးလို့ပါတယ်။ ဒီတိုင်းရပ်ကြည့်မနေပဲ ထိရောက်စွာအရေးယူပေးပါလို့ တောင်းဆိုပါတယ်” လို့ ပြည်ပရောက် ချင်းတိုင်းရင်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ် (KIA) တပ်မဟာ (၂) နဲ့ တပ်မဟာ (၉) ဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာခံရပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ကချင်သတင်းအရင်းမြစ်တွေက ဆိုပါတယ်။

#CNA #CNF #လေကြောင်း #စစ်ကောင်စီ #လူ #သေဆုံး
#Ayeyarwaddy_Times