ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ဟုမ္မလင်းမြို့နယ် အ တွင်း စစ်ကောင်စီတပ်နှင့်PDF များတိုက်ပွဲဖြစ် ပွားပြီး စစ်အုပ်စုဘက်က အရာရှိအဆင့်အပါဝင် ၈ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိကြောင်းသတင်းရရှိသည်။
စစ်ကောင်စီတပ်နှင့်ရှမ်းနီ(SNA) ပူးပေါင်းတပ် အင် အား၁၀၀ ခန့်မှာဟုမ္မလင်းမြို့၊နတ်နန်းမှော်စျေးတန်း ရှိ PDF စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်တိုက်ခိုက်လာသဖြင့် ယမန်နေ့အထိ ၄ ရက် ကြာ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှသေဆုံးခဲ့ခြင်းဖြစ်ကြောင်း HPDF-124 အဖွဲ့ထံမှသိရသည်။
“သူတို့က ဇန်နဝါရီလ ၅ ရက်နေ့မနက်အစောကြီး လာ တိုက်တဲ့အခါမှာ ကျတော်တို့ဘက်ကလည်း ကျည်အနည်းငယ်နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ ထားခဲ့ပြီး ခဏဆုတ်ခွာခဲ့ရတယ်၊အဲ့နေ့ညနေပိုင်းမှာ ကျနော် တို့ဂိတ်ကို ပြန်ပြီးသိမ်းပိုက်နိုင်ခဲ့တယ်။ တိုက်ပွဲက မနေ့အထိ ၄ ရက်ကြာ သူတို့ဘက်က စစ်ကြောင်းမှူးလို့ယူဆရတဲ့အရာရှိအပါအဝင် ၈ ယောက် ကျဆုံးပြီး အများအပြားဒဏ် ရာရတယ်၊ ကျတော်တို့ဘက်ကလည်း ရဲဘော် ၁ ယောက်ဒဏ် ရာ အနည်းငယ်ရတယ်” ဟု HPDF- 124 ပြန် ကြားရေးတာဝန်ရှိသူ ကိုချာလီက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ပွဲတွင် ပြည်သု့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သောခန္တီးခရိုင် တပ်ရင်း (၁) ဟုမ္မလင်း ၊ HPDF- 124 ၊ မိုးကြိုး ၊ HPDF မဟာမိတ် တပ်ပေါင်းစုများက ခုခံတိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။
“တော်လှန်ရေးခရီးက ရပ်တန့်လိုက်လို့မရဘူး အဆုံးထိသွားရမည့်တော်လှန်ရေးပါ၊ပြည်သူတွေလဲ ပင်ပန်းလာတာကိုတော့ ကျနော် တို့နားလည်သလို ကျတော်တို့လည်းပင်ပန်းတယ်၊ဒါပေမယ့်ကျနော် တို့ အဆုံးအထိသွားပါမယ် ” ဟု ၄င်းကဆက်လက်ပြောသည်။
တိုက်ပွဲများဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်အုပ်စုတပ်သား အလောင်း ၂ လောင်း၊ ကျည် ၊ ကျည်ဘောက် ၊ လက်ကိုင်ဖုန်းများ စစ်အသုံးအဆောင်နှင့်ဆက်စပ်ပစ္စည်းများကို ရှာဖွေရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။
#ဟုမ္မလင်း #တိုက်ပွဲသတင်း #စစ်ကောင်စီတပ် #PDF #SNA #AyeyarwaddyTimes