ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်

ရန်ကုန်တိုင်းမြို့နယ်အချို့၏ ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် ကြံ့ခိုင်ရေးပါတီ၀င်များမှဦးဆောင်ပြီး ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြကာ သန်း ခေါင်စာ ရင်း၊လူဦးရေစာရင်းများကို လိုက်လံကောက်ယူလျက်ရှိကြောင်း မြို့ခံတချို့ကပြောသည်။

သန်လျင်မြို့နယ်အပါအဝင်မြို့နယ်တချို့တွင် ယခုရက်ပိုင်းမှာပင် စစ်ကောင်စီတပ်ဖွဲ့၀င်များ၊ ကြံ့ခိုင်ရေးပါတီ၀င်အချို့နှင့် စစ်ကောင်စီခန့်ရပ်၊ကျေးအုပ် ချုပ်ရေးအဖွဲ့ဝင်များက ရပ်ကွက်နေအိမ်များသို့ ညပိုင်းအချိန်များတွင် ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြကာ ရွေးကောက်ပွဲအတွက်လူဦးရေစာရင်းများ လိမ်လည်ကောက်ခံလျက်ရှိနေသည်ဟုဆိုသည်။

“ကျွန်မတို့ရပ်ကွက်ထဲကို အပိုင်းလိုက်ခွဲပြီး ၀င်စစ်တာ ။ ထူးခြားမှုမရှိဘဲ ခုလိုမျိုးလာမစစ်ဘူး။ ခုက ရွေးကောက် ပွဲလုပ်မယ်လို့လည်းကြေညာထားတော့ အဲဒါအတွက် လိမ်စစ်တယ်လို့ပဲထင်တယ်။ စစ်တာက သန်းခေါင်စာရင်းပြရတယ်။ မှတ်ပုံတင်တွေ အိမ်ရှိလူအကုန်ပေါ့နော်၊ အသက်ပြည့်ပြီးသူက ဘယ်နှစ်ယောက်ဆိုတာမျိုး ရေးမှတ်သွားတာ”ဟု သန်လျင်မြို့နယ်အတွင်း နေထိုင်သူအမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်လည်း တာမွေမြို့နယ်နှင့် လှိုင်မြို့နယ်တို့ တွင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများကို ရပ် ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်အိမ်တက်ဆင်း လိုက်လံကောက်ခံလျက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီမှ ၂၀၂၃ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်ပြီး လကုန်အထိ နိုင်ငံအတွင်း လူစာရင်းမှန်ကန်ရေးဆိုသည့်ခေါင်းစဉ်ဖြင့် တစ်အိမ်တက်ဆင်းလူစာ ရင်းကောက်ရန် ညွှန်ကြားထားကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။

တာမွေမြို့နယ်အတွင်းနေထိုင်သူတစ်ဦးမှလည်း” တာမွေမှာဆို ရပ်ကွက် ၂၀ ရှိတယ်။ ဘိုးလိန်း အောင်မင်္ဂလာရပ်ကွက်၊ နတ်ချောင်း၊မေတ္တာညွန့်ဘက်ဆိုရင်တစ်တိုက်ချင်း အော်ခေါ်ပြီး ဆင်းခိုင်းတာ။ အုပ်ကြီးတွေက အားတက် သရောပေါ့ဗျာ”ဟု ဧရာ၀တီတိုင်းမ်ကိုပြောသည်။

Freelance Attack Force (FLA ) ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့နှင့် မဟာမိတ်အဖွဲ့ များမှလည်း တရားမ၀င်မဲစာရင်းအတွက် လူဦးရေစာရင်းအား ဦးဆောင်ကောက်ခံပါ၀င်လှုပ်ရှားနေသူမည်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်စာကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

ဓာတ်ပုံ – ပုံဟောင်း (CJ)။