ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အတွင်း ဇန်နဝါရီလ ၉ ရက် ယမန်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သတင်းပေးဆိုသူ ၂ ဦးကိုရှင်းလင်းခဲ့ကြောင်း သိန်းငှက်ဖြူပြောက်ကျားအဖွဲ့ထံမှသိရသည်။

ပစ်သတ်ခံရသူများမှာ စစ်တပ်သတင်းပေးဟုဆိုသူ မျိုးမင်းငြိမ်းနှင့်အောင်ကျော်တို့ ၂ ဦးဖြစ်ပြီး
ကျောက်ဆည်မြို့ ဇော်ဂျီမြစ်နံဘေးလမ်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာမည့် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ရန်စောင့်ဆိုင်းနေစဥ် အဆိုပါသတင်းပေး ၂ ဦးမှ မိုင်းထောင်ထားသည့်နေရာနှင့် အနီးတစ်ဝိုက်ကိုလာရောက်၍ ထောက်လှမ်းမှုများပြုလုပ်နေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနက်ပိုင်းမှာစစ်ကောင်စီလမ်းကြောင်းရှိတယ်ဆိုလို့ကျနော်တို့မိုင်းသွားထောင်တယ်။ အာ့ဒီမှာ ဒီကောင်တွေ ၂ကောင်လာမယ်ဆိုတာကြိုပြီး သတင်း ရထားတယ်။ ဒီ ၂ ကောင်ကလမ်းကြောင်းရှင်း၊မရှင်းလာကြည့်တာသတင်းရပြီးမကြာဘူး။ဒီကောင်တွေရောက်လာတာနဲ့ကျွန်တော်တို့ရှင်းပစ်ခဲ့တာပါ။ ပစ်တာက တော့ ကျနော်တို့ဆီလက်လုပ်ဘဲရှိလို့ လက်လုပ်သေနတ်နဲ့ဘဲပစ်တာ ” ဟုသိန်းငှက်ဖြူပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်ကျောက်ခဲမှဧရာဝတီတိုင်းမ်ကိုပြောသည်။

ဇန်နဝါရီလ ၇ ရက်နေ့မနက်ပိုင်းကလည်း ကျောက်ဆည်မြို့ပေါ်မှ တပ်သတင်းပေးဆိုသူ ကျော်မြင့် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်းသိရသည်။

#ကျောက်ဆည် #တပ်သတင်းပေး #ပစ်သတ်ခံရ