ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအား ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်များကာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဆပ်ပြာကျင်းကျေးရွာအား မီးဝင်ရှို့သည့် စစ်ကောင်စီတပ်မှာ အသက် ၈၄ နှစ် အရွယ်အဘိုးအိုတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်သွားကြောင်း ဒေသခံများက ပြောသည်။
“သူတို့ မိသားစုက အဘိုးကြီးအပါအဝင် ၅ဦးရှိတယ်။ ဒီအဘိုးကြီးက သူ့ကိုတော့ ဘာမှမလုပ်ဘူးထင်ပြီး ကျန်ခဲ့တာ။ ပြေးလဲမပြေးနိုင်ဘူးလေ။ ထိုင်ခုံလေးမှာ ထိုင်နေတုန်း စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ပြီး မီးပါရှို့သွားတာဗျာ။ ကျွန်တော်ရွာက ၂ ခါရှိပြီ အရှို့ခံရတာ။ ပထမ အရှို့ခံရတာ သူများတွေ ဝိုင်းဝန်းကူညီလို့ ယာယီတဲလေး ပြန်လုပ်ထားတာပါ ထပ်ပြီးမီးရှို့သွားတယ်ဗျာ။ သူတို့ရဲ့စိတ်ဓါတ်က ယုတ်မာလွန်းကြတယ်”ဟု ဆပ်ပြာကျင်းကျေးရွာရှိဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဆပ်ပြာကျင်းကျေးရွာမှာ ယမန်နေ့က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ရခြင်းဖြစ်ပြီး ပထမအကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံရွာသားများ ယာယီတဲများပါ မီးထဲပါသွားကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာသည် အိမ်ခြေ၂၀၀ ခန့်ရှိပြီး စစ်ကောင်စီတပ်က ၂ကြိမ်တိုင် မီးဝင်ရှို့မှုကြောင့် အိမ်ခြေ ၁၆၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
#ဒီပဲယင်း #ဆပ်ပြာကျင်း #၈၄နှစ် #အဘိုးအို #စစ်ကောင်စီ #ပစ်ခတ်သတ်ဖြတ် #မီးရှို့အလောင်းဖျောက်
#Ayeyarwaddy_Times