ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်

အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို မြန်မြန်ဆန်ဆန် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့ အာဆီယံအဖွဲ့က မြန်မာစစ်တပ်ကို ဆက်လက်တိုက်တွန်းတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ခရစ်ရှ နန်က ပြောကြားလိုက်ပါတယ်။

အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံခွင့်ပြုတာ အပါအဝင် လက်ဆုပ်လက်ကိုင်ပြနိုင်သော တိုးတက်မှုရရှိရေးအတွက် အာဆီယံ၊ အလှည့်ကျဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အ ထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းတယ်လို့ သူက ဆိုပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ လွှတ်တော် အမေး/အဖြေကို ပြန်ကြားချက်မှာ ဗီဗီယန်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့က ခိုင်မာသော၊ ကျိုးကြောင်းဆီလျော်သော နည်းလမ်းတစ်ရပ်ကို ချမှတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်ကိုယ်တိုင် လက်ခံခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေက ဘုံသဘောတူညီချက်ငါးရပ်ကို ချမှတ်ခဲ့တယ်လို့ ဗီဗီယန်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရာမှာ အကန့်အသတ်နဲ့သာ တိုး တက်မှုရှိတာကို အာဆီယံအဖွဲ့က အလွန်အမင်း စိတ်ပျက်နေတယ်လို့ သူက ထည့်သွင်းပြောပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေက ဘုံသဘောတူညီချက်ငါးရပ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး မြန်မာစစ်တပ်သို့ ရှင်းလင်းပြတ်သားတဲ့ သတင်းစ ကားပေးပို့မယ့် ခြေလှမ်းတွေလုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bernama
Ref; ASEAN continues to urge Tatmadaw to implement five-point consensus swiftly and fully