ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်

သူနဲ့ အာဏာရပါတီကို ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ မဲခိုးတယ်လို့ စွပ်စွဲခဲ့တဲ့ အတိုက်အခံ Candlelight ပါ တီဝင်တွေနဲ့ အခြားသူတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို သိမ်းယူမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က ထပ် မံခြိမ်းခြောက်လိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်နေတဲ့ ဟွန်ဆမ်က Candlelight ပါတီ အကြံပေး ကောင်ကိုအန်ကို ရည်စူးကာ ကမ်ပေါင်ချမ်ပြည်နယ်ရှိ အမှတ် ၇ လမ်းမကြီး ဖွင့်လှစ်ပွဲအခမ်းအနားမှာ အခုလို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Candlelight ပါတီက ပြီးခဲ့တဲ့နှစ် ဇွန်လမှာပြုလုပ်တဲ့ ဒေသန္တရရွေးကောက်ပွဲမှာ ဆန္ဒမဲ ၁၉ ရာခိုင်နှုန်းဝန်း ကျင် ရရှိခဲ့ပြီး ဟွန်ဆမ်ရဲ့ အာဏာရ ပြည်သူ့ပါတီက အမတ်နေရာ ၈၀ ရာခိုင်နှုန်းဝန်းကျင် အနိုင်ရရှိခဲ့ပါတယ်။

“သူခိုးတွေလို့ စွပ်စွဲတာကို ကျွန်တော်တို့ လက်သင့်မခံပါဘူး။ ရွေးကောက်ပွဲပြီးရင် ဆန္ဒပြခွင့်ပြုတဲ့ ယဉ် ကျေးမှုကို ကျွန်တော်တို့ အဆုံးသတ်ရမယ်လို့ ပြောချင်ပါတယ်။ CPP က မဲလိမ်လည်တယ်ဆိုတဲ့စကားလုံးကို လက်မခံနိုင်ပါဘူး” ဟွန်ဆမ်က ပြောပါတယ်။

ဖခင်ဖြစ်သူကို ခြိမ်းခြောက်တဲ့ ဟွန်ဆမ်ရဲ့မှတ်ချက်စကားဟာ အတိုက်အခံပါတီတွေကြား အကြောက် တရား သွတ်သွင်းဖို့ရည်ရွယ်တယ်လို့ Candlelight ပါတီ အကြီးတန်းတာဝန်ရှိသူ ကောင်ကိုအန်ရဲ့သားဖြစ်သူ ကောင်မိုနီကာက ပြောပါတယ်။

“အစိုးရနဲ့ အာဏာရပါတီကို ဝေဖန်မှုတွေမလုပ်နိုင်အောင် ခြိမ်းခြောက်တာတွေ၊ အကျပ်ကိုင်တာတွေ၊ ပိုင်ဆိုင်မှုတွေသိမ်းဆည်းတာဟာ ညစ်ပတ်နဲ့နည်းလမ်းတွေဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဉပဒေပိုင်းအရ ခြိမ်းခြောက်တာတွေဟာ ဇူလိုင်လ ၂၃ ရက်မှာပြုလုပ်မယ့် လွှတ်တော်ရွေးကောက်ပွဲတွေ မစတင်မီ နိုင်ငံရေးအခြေအနေကို ပိုဆိုးလာစေမယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေက ပြောပါတယ်။

“ဟွန်ဆမ်ဟာ အတိုက်အခံတွေကို တရားစွဲဆိုဖို့ ဉပဒေကို လက်နက်တစ်ခုသဖွယ် အသုံးပြုနေတဲ့ အာ ဏာရှင်တစ်ယောက် ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟွန်ဆမ်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲမှာ ရှုံးနိမ့်မှာကို ကြောက်ရွံ့နေပါတယ်” လို့ အတိုက်အခံ လွှတ်တော်အမတ်ဟောင်း အွမ်ဆမ်က ပြောပါ တယ်။

“ဟွန်ဆမ်ဟာ သားဖြစ်သူ ဟွန်မာနက်ထံကို အာဏာလွှဲပြောင်းပေးမှု မအောင်မြင်မှာကို ကြောက်ရွံ့နေ ပါတယ်” လို့ သူက ဆိုပါတယ်။

သားဖြစ်သူကို ဝန်ကြီးချုပ်ရာထူး ဆက်ခံဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ဟွန်ဆမ်က အကြိမ်ကြိမ် ပယ်ချခဲ့ပေမယ့် ဟွန်မာနက်ဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်တာဝန် မထမ်းဆောင်တော့ချိန်မှာ ရာထူး နေရာဆက်ဆံမှာကို ကမ္ဘောဒီးယားပြည်သူအများစုက စိုးရိမ်နေပါတယ်။

ကိုးကား – RFA
Ref; Hun Sen threatens to seize opposition’s properties