ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ရက်

မကွေးတိုင်း၊ပခုက္ကူမှထွက်လာသော စစ်ကောင်စီကားကို ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က မြိုင်မြို့ နယ်အတွင်းတွင် ပေပါမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် MGPDF ထံကသိရသည်။

အင်အား ၂၀ ခန့်ပါ အဆိုပါ စစ်ကားကို မြိုင်မြို့နယ် တွင်းမရွာနှင့်သရက်ကန်ရွာအကြားတွင် ပေပါမိုင်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာအပြင်းထန်ရရှိသည်ဟုဆိုသည်။

“ကျတော်တို့က ရှေ့ထွက်မိုင်း ၁၀လုံး၊‌ ပေပါဖြတ်မိုင်း၂လုံးနဲ့တိုက်တာ သူတို့ကားလဲ ခေါင်းပိုင်းပြတ်သွားတယ်၊အနဲဆုံး စစ်ကောင်စီဘက်က ၉ ယောက်လောက် ဒဏ်ရာ အပြင်းအထန်ရသွားတယ် ၊သေဆုံးတာတော့ အတိကျမသိသေးဘူး၊ကျတော်တို့အဖွဲ့က ဒရုန်းမရှိတော့ ပေပါကို ဖြတ်ပြီး မိုင်းထောင်ရတော့ အခက်အခဲ အများကြီးရှိနေတယ်ဗျ၊ကျတော်တို့အဖွဲ့အတွက် လိုအပ်နေတဲ့ ဒရုန်းဝယ်ဖို့ကိုလည်း ပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီပေးကြပါဦး” ဟု ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MGPDF အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုအား MGPDF (မြိုင် ပကဖ)တပ် ရင်း (၁) တပ်ခွဲ (၂) နှင့် မြိုင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ( မြိုင်-ပကဖ) တပ်ရင်း( ၁ ) တပ်ခွဲ (၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇန်ဝါရီ ၇ရက်နေ့ကလည်း တွင်းမရွာ ပျူစောထီး နှင့်ရဲများကို တိုက်ခိုက်ရာ ရဲ ၁ ဦးနှင့် ပျူစောထီး ခေါင်း ဆောင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။