ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်

ကမ္ဘာ့ရေးရာမှာ အာဆီယံအဖွဲ့ ပါဝင်နေတဲ့ အခန်းကဏ္ဍ ခိုင်မာအားကောင်းအောင် ဆက်လက်လုပ် ဆောင်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံက သဘောတူလိုက်ပါတယ်။

အာဆီယံအဖွဲ့ ချမှတ်ထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေကို အကောင်အထည်ဖော်ဆောင်ဖို့ အင်ဒိုနီး ရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့က မြန်မာစစ်တပ်ကို မနေ့က တိုက်တွန်းခဲ့ပါတယ်။

“အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်သော၊ သာယာဝပြောသော၊ တည်ငြိမ်သောဒေသဖြစ်လာစေရေးမှာ အာဆီယံက အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်က ဆက် လက်ပါဝင်ဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်” လို့ ဂျကာတာ မြို့တော်အပြင်ဘက် ဘိုဂေါ်ရှိ သမ္မတအိမ်တော်မှာ ခေါင်းဆောင်နှစ်ဉီးကြား တွေ့ဆုံပြီးနောက် သမ္မတ ဂျိုကိုဝီက ပြောကြားခဲ့ပါတယ်။

“မြန်မာ့အရေးနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံက ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ဖို့ အရေးပါတယ်ဆိုတဲ့ တူညီသောအမြင်ရှိပါတယ်။ ဘုံသဘောတူညီချက်ကို ဖော်ဆောင်ဖို့ မြန်မာစစ်ကောင်စီကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ဂျိုကိုဝီက ဆိုပါတယ်။

ပြည်သူ ၂၇၀၀ ခန့် သေဆုံးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ နိုင်ငံရဲ့ ကစဉ့်ကလျားအခြေအနေ အဆုံးသတ်ဖို့ ရည်ရွယ်ကာ ၂၀၂၁ ခုနှစ် ဧပြီလမှာ ရေးဆွဲခဲ့တဲ့ ငြိမ်းချမ်းရေး အစီ အစဉ်ကို ဂျိုကိုဝီကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ဝန်ကြီး အများအပြား လိုက်ပါပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်တာဖြစ်ပါ တယ်။

အန်ဝါအီဘရာဟင်ကို အမြောက် ၁၉ ချက်ဖောက်ပြီး တရားဝင် အခမ်းအနားမှာ ကြိုဆိုခဲ့ပါတယ်။ အန် ဝါဟာ ငါးနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံကို လာရောက်လည်ပတ်တဲ့ စတုတ္ထမြောက် မလေးရှားဝန်ကြီးချုပ် ဖြစ်ပါ တယ်။

ကိုးကား – The Straits Times
Ref; Indonesia, Malaysia agree to strengthen Asean, urge Myanmar to implement peace plans