ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ဇန်နဝါရီ ၈ရက်နေ့က ကားပျက်၍ရပ်ထားသော စစ်ကားကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါစစ်ကောင်စီကားသည် ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြား၌ ကားပျက်၍ စစ်ကူကားစောင့်နေသော စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဒရုန်းဖြင့် ၅ ကြိမ်တိုင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိခဲ့ကြောင်း Nway Oo Takhon PDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးထံမှသိရသည်။
“သူတို့က ကားပျက်တော့ စစ်ကူကားကိုစောင့်နေတဲ့အချိန် ကျတော်တို့ ဒေသကာကွယ်ရေး မဟာမိတ်များက ဒရုန်းဖနဲ့ ၅ကြိမ် ပစ်ချတိုက်ခိုက်ခဲ့တယ်။ သူတို့ အပြင်းအထန်ဒဏ်ရာ ရတာတော့သိတယ်၊ ဝမ်းပြည့်ဘက်က နေ ကားနဲ့အင်အားလာဖြည့်ပြီး ဒဏ်ရာရသူတွေကို လာသယ်သွားတယ်။ သူတို့ဘက်ကလဲ ကျနော်တို့ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပြန်ပစ်ပေမယ့် ကျနော်တို့ဘက်က အထိခိုက်မရှိပါဘူး။ ကျတော်တို့အဖွဲ့အနေနဲ့ တော်လှန်ရေးမှာ အသက်ကိုပဓာနမထားပဲ အရေးတော်ပုံအောင်သည်အထိ ရွက်ရွက်ချွံချွံတိုက်ပွဲဝင်သွားပါ့မယ်။ ပြည်သူတွေကလည်း ဝိုင်းဝန်းကူညီကြပါဦး” ဟု Nway Oo Takhon PDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကိုNway Oo Takhon PDF ၊Daung Fighter (NZN) PDF ၊ T. G. R Women Drone Force၊
Zamani Revolution Force (MMU)Myaung.
စစ်ကိုင်းခရိုင်တပ်ရင်း (၁) အဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ မနက် ၃ နာရီခွဲဝန်းကျင်ကလည်း ကင်းပုန်း၀ပ်နေသည့် စစ်ကောင်စီတပ်ကို စစ်တပ်ဒဏ်ရာရများလိုက်ပါလာသည့် ကားမှတိုက်သတ်သဖြင့် အချင်း ချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း People’s Army To Fight Dictatorship အဖွဲ့ထံမှ သိရသည်။
ထို့အပြင် ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက လည်း စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ ထွက်ခွာလာသည့် အင်အား ၃၀ ခန့်ပါသည့် စစ်ကောင်စီနှစ်စီးကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပရွာကြား၌ ဒေသတော်လှန်ရေးတပ်ဖွဲ့များမှ ပဒေသာမိုင်း ၆ လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း People’s Army To Fight Dictatorshipထံမှ သိရသည်။