ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို CDF-Hakha Council အနေဖြင့် လုံးဝကန့်ကွက်ပြီး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ကျင်းပခွင့်ပေးမည်မဟုတ်ကြောင်း CDF-Hakha မှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဖြစ်မြှောက်ရေး အတွက် ပါဝင်ဆောင်ရွက်သောရုံးနှင့်လူပုဂ္ဂိုလ်၊ ပါဝင်ယှဉ်ပြိုင်သော ပါတီနှင့်လူပုဂ္ဂိုလ်၊ မဲပေးသူ မည်သူမဆို၊ အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်နေသော အာဏာသိမ်းစစ်တပ်နှင့် အတူ ပြည်သူလူထု၏ ရန်သူများအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

CDF – Hakha အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦးအား ထိခိုက်မှုတစ်စုံတစ်ရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ၎င်းရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်သူ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူများကို ကြိုတင်အသိပေးထုတ်ပြန်ထားသည်။

#စစ်ကောင်စီ #ရွေးကောက်ပွဲ #ဟားခါး #CDF
#Ayeyarwaddy_Times