ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇန်နဝါရီလ ၉ ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာ နချုပ်မှ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့်အတူထွက်ပြေး သွားတယ်လို့ရေတပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

ဇန်နဝါရီလ ၇ ရက် မနက် ၁ နာရီခန့် အချိန်မှာ ကင်းစောင့်နေရာမှ လက်နက်နဲ့အတူတပ်ကိုစွန့်ခွာထွက် ပြေးသွားခဲ့တာလို့ အမည်မဖော်လိုတဲ့ တပ်တွင်းသတင်းရင်း မြစ်တစ်ဦးကပြောပါတယ်။

“ထွက်ပြေးတာက အားလုံး ၃ ယောက်ပါ။ သူတို့က ရာထူးအဆင့်မရှိသေးဘူး သာမန်ရဲဘော်တွေပါပဲ့။သူတို့က တပ်ထဲမှာ ညကင်းကျတယ်။ညကင်းစောင့်နေရင်းနဲ့ ထွက်ပြေးသွားကြတယ် “လို့ ရေတပ်သတင်းရင်းမြစ်တဦးကဧရာဝတီတိုင်းမ်ကိုပြော ပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြန် လည်ဖမ်းဆီးရမိရေး မောရဝတီရေတပ်ဌာနချုပ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အုန်းပင်ကွင်းရွာနဲ့အနီးတစ်ဝိုက်ကို တောနင်းရှာဖွေကာ လက်ရှိအချိန်ထိပြန်လည်တွေ့ရှိတာမရှိသေးဘူးလို့ ဆိုပါတယ်။

”အုန်းပင်ကွင်း ရွာဖက်မှာ သေနတ်တွေနဲ့ပစ်ဖောက်ပြီး တောနင်းရှာဖွေနေကြတယ်။ ကံပေါက်နယ်အတွင်းရွာတွေကိုလည်း အပူတပြင်းလိုက်ရှာနေတယ်။ မနေ့ကနဲ့ ဒီနေ့ ၂ ရက်ရှိပြီ။ ခုအချိန်အထိ ပြန်ဖမ်းမိတယ်တော့မကြားသေးဘူး ” လို့ သူကဆက် လက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၄ ရက် ညပိုင်းကလည်း အဲ့ဒီမောရဝတီရေတပ်က ဆေးမှူး ဗိုလ်ကြီးအပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး လက်နက်တွေနဲ့ အတူ စွန့်ခွာထွက်ပြေးသွားခဲ့ပြီး လက်နက်နဲ့ရော လက်နက်မဲ့ပါ မကြာခဏဆိုသလို ထွက်ပြေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
#Ayeyarwaddy_Time