ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်

ရန်စမှုတွေရှိလာရင် မြောက်ကိုရီးယားကို မြန်မြန်ဆန်ဆန် အပြစ်ပေးဖို့ အာဏာရရှိလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်းတပ်မှူးတွေနဲ့ပြုလုပ်တဲ့ အစည်အဝေးမှာ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ် ယိုက စစ်တပ်ကို အမိန့်ပေးလိုက်ပါတယ်။

“မြောက်ကိုရီးယား ရန်စမှုတွေပြုလုပ်လာရင် မြန်မြန်ဆန်ဆန် အပြစ်ပေးဖို့ သမ္မတက စစ်တပ်ကို ညွှန် ကြားခဲ့ပါတယ်” လို့ သမ္မတ ယွန်ဆတ်ခ်ယိုရဲ့ ဆိုးလ်မြို့တော်ရဲ့တောင်ဘက် ကီလိုမီတာ ၁၆၀ အကွာ စစ်ဌာနချုပ် မှာ ကြည်း၊ ရေ၊ လေနဲ့ ကမ်းတက်တပ်ဖွဲ့ တပ်မှူးတွေနဲ့ အစည်းအဝေးပြုလုပ်ပြီးနောက် သမ္မတရုံးက ပြောပါ တယ်။

“စစ်တပ်ရဲ့တာဝန်က ပြည်သူ့အသက်အိုးအိမ်၊ ပိုင်နက်နယ်မြေနဲ့ အချုပ်အချာအာဏာကို ကာကွယ်ဖို့ဖြစ် ပြီး စစ်တပ်က ဒီလိုကာကွယ်စောင့်ရှောက်ဖို့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ခိုင်ခိုင်မာမာ ပြသရမယ်လို့ သမ္မတက ပြော ကြားခဲ့ပါတယ်” လို့ သမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ယွန်ဆက်ခ်ယို မေလအတွင်း ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံက တာ ဝေးပစ်ဒုံးကျည် စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး သတ္တမမြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ပြင်ဆင် နေပါတယ်။

ရန်စလာမှုမှန်သမျှကို အမေရိကန်နိုင်ငံနဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်ပြီး တောင်ကိုရီးယားက အပြင်းအ ထန လက်တုံ့ပြန်သွားမယ်လို့ သမ္မတ ယွန်ဆတ်ခ်ယိုက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်တွေအသုံးပြုမှုကို ဟန့်တားဖို့နဲ့ ရန်စမှုတွေ လျှော့ချဖို့ ပြင်းထန်တဲ့ တုံ့ပြန်မှုစွမ်းဆောင်ရည် တည်ဆောက်ကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

တပ်ဖွဲ့ဝင်အင်အား လျှော့နည်းမှုကို ဖြေရှင်းဖို့နဲ့ အနာဂတ် လုံခြုံရေးစိန်ခေါ်မှုတွေအတွက် ပြင်ဆင်ဖို့ ဉာဏ်ရည်တုနည်းပညာနဲ့ အခြားသိပ္ပံနဲ့နည်းပညာပလက်ဖောင်းတွေမှာ အပြည့်အဝ ရင်းနှီးမြှုပ်နှံဖို့ ယွန်ဆတ်ခ် ယိုက တပ်မှူးတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ရန်သူနဲ့ပတ်သက်ပြီး သတိမူကြဖို့နဲ့ ပြည်သူ့ယုံကြည်မှုရရှိဖို့ တပ်ဖွဲ့ဝင်တွေက စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာကြဖို့လည်း သူက အလေးပေးပြောကြားခဲ့ပါတယ်။

ကိုးကား – Yonhap
Ref; Yoon orders military to swiftly punish N. Korea in case of provocations