ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
စစ်ကိုင်းတိုင်း၊တမူးမြို့တွင် ပျူစောထီး အဖွဲ့လက်ချက်ဖြင့် ဇူလိုင်လ ၅ ရက်နေ့က သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသား နှစ်ယောက်၏ အလောင်းပြန်လည်ရရှိရေး အတွက် မိုးရေးလူထုမှ မိုးရေးရဲစခန်းတွင် သွားရောက်တောင်းဆို ဆန္ဒပြနေတယ်လို့ ဒေသခံများထံကသိရပါတယ်။
“အခု နေလည်အထိ တမူးနယ်စပ်တွင် အလောင်းပြန်ရရှိရေးအတွက် အိန္ဒိယ နိုင်ငံသားများက စောင့်ဆိုင်းနေပေမယ့် စစ်ကောင်စီတပ်ဘက်မှ အလောင်းကို ထုတ်မပေးသေးလို့စောင့်ဆိုင်းနေတယ်” လို့ တမူးဒေသခံများက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဆ်ိုပါ အိန္ဒိယနိုင်ငံသားနှစ်ဦး သည် တမူးမြို့ကို ဇွန်လ ၅ ရက်နေ့မှာ အလည်အပတ်ရောက်ရှိလာစဥ် နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက သေနတ်နဲ့ပစ်သတ်ခဲ့တာလို့တမူးဒေသခံတွေကဆိုပါတယ်။
ရုပ်သံ-တမူးနွေဦး