ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ဘန်ဘွေးရွာမမှထွက်လာသည့်စစ်ကောင်စီတပ်သားများဟာ ဇူလိုင်လ ၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်တပ်က ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချိုမိုင်မိုင်တပ်ဖွဲ့ထံကသိရသည်။
“ကျွန်တော်တို့နှစ်ကြိမ်တိုက်ခိုက်ခဲ့တာ မနက်ပိုင်း ၅ နာရီ ၄၅ မီးနစ်မှာတစ်ကြိမ် မနက်ပိုင်းပဲ ၇ နာရီ ၃၅ မီးနစ်မှာတစ်ကြိမ် မုံရွာ-ယာကြီးလမ်းပေါ်ရှိ ငါးမိုင်တိုးဂိတ်နှင့်မြေဖွေးတောင် အနီးဝန်းကျင်တွင် ဘန့်ဘွေးရွာမမှထွက်လာတဲ့အချိန်စောင့်ပြီးတိုက်ခိုက်ခဲ့တာပါ အတော်လေးလဲ ဒီကောင်တွေသေဆုံးမှုရှိသလိုအထိတော်တော်နာသွားတယ်” လို ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတပ်ပေါင်းစုက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားမှာများ ၁၅ ဦးဖြစ်ပြီး ၃ ဦးသေဆုံးသည့်အပြင် လက်ပစ်ဗုံးတစ်လုံးနှင့်စစ်ကောင်စီတပ်သားများ၏ ကြယ်တစ်ပွင့် သိမ်းဆည်းရမိခဲ့တယ်လို့ချိုမိုင်မိုင် တပ်ဖွဲ့ဝင်များကပြောသည်။
၎င်းတိုက်ခိုက်မှုသည် ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတပ်ပေါင်းစုနှင့်အတူ Yinmabin Local PDF၊မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊အမိမြေတော်လှန်ရေးတပ်ဖွဲ့၊Chindwin Galone Yazar ပျောက်ကြားတပ်ဖွဲ့၊Alpha Special Force၊ True Of Force Monywa၊သေးမင်းတမန်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိမိတို့ဘက်က တစ်စုံတရာထိခိုက်မှုမရှိဘူး လို့ချိုမိုင်မိုင်တပ်ဖွဲ့ဝင်များကပြောသည်။
ခရီးသွားပြည်သူများနှင့် ဒေသခံများအနေဖြင့် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းအား လုံးဝအသုံးမပြုကြရန်နှင့်တိုက်ပွဲနေရာများနှင့်ဝေးဝေးနေပေးရန် မေတ္တာရပ်ခံထားကြောင်း ချိုမိုင်မိုင်တပ်ဖွဲ့ဝင်များကပြောဆိုထားသည်။
ရုပ်သံ-ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတပ်ပေါင်းစု