ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၉ ရက်၊ မနက် ၃ နာရီခွဲဝန်းကျင်က ကင်းပုန်း၀ပ်နေသည့် စစ်ကောင်စီတပ်ကို စစ်တပ်ဒဏ်ရာရများလိုက်ပါလာသည့် ကားမှတိုက်သတ်သဖြင့် အချင်း ချင်းပစ်ခတ်မှုဖြစ် ပွားခဲ့ကြောင်း People’s Army To Fight Dictatorship အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇမှ ပြောသည်။

ယနေ့မနက်အစောပိုင်း မြင်းမူမှ မုံရွာဘက်သို့ ထွက်လာသောစစ်ကောင်စီယာဉ် ၂ စီး မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ် သေဆုံး၊ဒဏ်ရာရများဖြစ်ပေါ်ခဲ့သည့်စစ်တပ်ယာဥ် ၁ စီးကို ကင်းပုန်း၀ပ်နေသည့် စစ်ကောင်စီတပ်သားမှတားဆီးရာ တားဆီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကို အဆိုပါကားမှ တိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အင်အားအပြည့်နဲ့ထွက်လာတာ နှစ်စီးက။ ထောင် ထားတဲ့မိုင်းပေါ်ကိုရှေ့တစ်စီးက ပွိုင့်ပေါ်တည့်တည့် ရောက်တော့ ဆီတိုင်ကီပေါက်ထွက်သွားတယ်။ နောက်တစ်စီးက မောင်းထွက်သွားတယ်။ အတင်း မောင်းထွက်သွားတဲ့ စစ်ကားကို ကင်းပုန်း၀ပ်နေတဲ့ ကောင်ကထွက်တားတာ ဟိုကစိတ်ဆိုးပြီး တိုက်သတ် ပစ်တာ သေရော။ အချင်းချင်းပစ်ကြတာ တစ်ယောက်ထပ်သေတယ်”ဟု PAFD အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကားမှာ ဆီတိုင် ကီပေါက်ကွဲကာ ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို ကားနှစ်စီးဖြင့် မြင်းမူဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

ဆက်လက်ပြီး ခေါင်းဆောင်ဗိုလ်တေဇမှ “သူတို့ကိုမိုင်းဆွဲတိုက်ခိုက်လိုက်တာက ၀မျးပွည့ျရှာနဲ့ အလက္ကပ္ပရွာကြားမှာပေါ့။ အဲဒီကနေ ထွက်ပြေးသွားပြီး အနောက်နားကရွာမှာ အချင်းချင်းပစ်ခတ်မှုတွေဖြစ် ကြတာပါ”ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို People’s Army To Fight Dictatorship (PAFD)၊ တပ်ခွဲ DK PDF (MMU)၊ People’s Knight Defense Force Myinmu (PKDF. MMU)၊ TAUNGTHA People Defence Force (TTA PDF)၊ D.B.BF.MMU မဟာမိတ်အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက လည်း စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ ထွက်ခွာလာသည့် အင်အား ၃၀ ခန့်ပါသည့် စစ်ကောင်စီနှစ်စီး ကို ၀မျးပွည့ျကြေးရှာနှင့ျ အလက္ကပ္ပကျေးရွာကြားတွင် ဒေသတော်လှန်ရေးတပ်ဖွဲ့များမှ ပဒေသာမိုင်း ၆ လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိပြီး စာရင်းအတိအကျကိုမူ မသိရှိရကြောင်း ၎င်းမှပြော သည်။