ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇန်နဝါရီလ ၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် ခလရ ၂၇၃ တပ်ရင်း က စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဇန်နဝါရီလ ၄ ရက် ညပိုင်းက ကင်းစောင့်နေရာမှ ထွက်ပြေးသွားခဲ့ကြောင်းဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၅ ဦးထွက်ပြေးသွား ပြီးနောက် ခလရ ၂၇၃ နှင့် မောရဝတီရေတပ်ဌာန ချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကံပေါက်နှင့်အ နီးတစ်ဝိုက်ကျေးရွာများတွင် လိုက်လံရှာဖွေမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင် ၄င်းထွက်ပြေး စစ်ကောင် စီတပ်သားများသည် ပယကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းတွင်ခေတ္တခိုနားစဥ် ဘုန်းကြီးမှတိုင် တန်းသဖြင့် ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ထွက်ပြေးသွားတဲ့တပ်သားတွေက နယ်မြေမကျွမ်းသေတဲ့ တပ်သား အသစ်တွေလို့သိရတယ်။ သူတို့က နယ်မြေမကျွင်းကျင်တော့ ဘယ်မှမသွားတတ်ဘူးပေါ့ ။ ထွက်ပြေးပြီးနောက်နေ့ဘဲ ကံပေါက်နဲ့ ၃ မိုင် လောက်ဘဲဝေးတဲ့ ပယရွာ ဘုန်းကြီးကျောင်းမှာ ဗိုက်ဆာလို့ ထမင်းသွားတောင်းစားကြတာ။ဘုန်းကြီးက အဲဒီအချိန်မှာ ခလရ ၂၇၃ ခြေလျင်တပ်ရင်းကို ဖုန်းဆက်ပြီးလှမ်းခေါ်လိုက်တယ်။ခဏာကြာတော့ စစ်ကားတွေရောက်လာကြပြီး သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်”လို့ ပယကျေးရွာဒေသခံတစ်ဦးက
ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်ပြန်လည်ဖမ်းဆီးခံခဲ့ရသည့် စစ်ကောင်စီတပ်သားများအား မောရဝတီရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှညှဥ်းပန်း နှိပ်စက်စစ်ဆေးမှုများလုပ်ဆောင်နေကြကြောင်းသိရသည်။

ကံပေါက်ဒေသအခြေစိုက် ခလရ (၂၇၃)တပ်ရင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို ထွက် ပြေးမှုများ ရှိနေပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၅ ရက်နေ့က လည်း ခလရ(၂၇၃)တပ်ရင်းကတပ်သား ၃ ဦး ထွက်ပြေးခဲ့သေးကြောင်းသိရသည်။

ဓာတ်ပုံ – ကံပေါက်ဒေသအခြေစိုက် ခလရ ၂၇၃ ခြေ လျင်တပ်ရင်း
#Ayeyarwaddy_Times