ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်

စိတ်ရှည်သည်းခံတာ အကန့်အသတ်ရှိပေမယ့် အာဆီယံအဖွဲ့ကတော့ မြန်မာစစ်ကောင်စီကို အရေးယူဖို့ နှောင့်နှေးနေတယ်လို့ အချို့က ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ကတိကဝတ် ကို ဖီဆန်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရာမှာ အာဆီယံအဖွဲ့က တစ်ခုခုကို ထိထိရောက် ရောက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာလုယူပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် ဧပြီလမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပတဲ့ အရေးပေါ်အစည်းအဝေးတစ်ခုမှာ စစ်ကောင်စီခေါင်းဆောင်ကိုယ် တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် လိုက်နာဖို့ ဖိအားပေးမယ်လို့ ဒီနှစ် အာဆီယံအလှည့် ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။

အာဏာသိမ်းပြီး လ ၂၀ ကျော်ကြာအချိန် စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်ကို မလိုက်နာ သလို ဖော်ဆောင်လိုတဲ့ရည်ရွယ်ချက်မရှိဘဲ အရေးပါတဲ့ အစည်းအဝေးမှာ အခြားအာဆီယံခေါင်းဆောင်တွေကို အ ရူးလုပ်ခဲ့ပါတယ်။

ဒေသတွင်းအင်အားကြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ဉီးဆောင်မှုအောက်မှာ မြန်မာ့အရေးဟာ မကြာမီ တိုးတက် လာနိုင်တယ်လို့ မြန်မာပြည်သူတွေနဲ့ ကမ္ဘာကြီးက မျှော်လင့်နေကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံက စစ်ကောင်စီကို ထွက်ပေါက်တစ်ခုပေးကာ ပြဿနာဖြေရှင်းဖို့ အာဆီယံအဖွဲ့ကို အများယုံကြည်လက်ခံလာစေမယ်လို့ မျှော်လင့်ရ ပါတယ်။

ဒီနေ့အချိန်မှာတော့ အာဆီယံ ဘုံသဘောတူညီချက်ဟာ အသက်မဲ့တဲ့စာချုပ်တစ်ခုပုံပေါက်နေပါတယ်။ အာဆီယံကဖြစ်စေ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံကဖြစ်စေ ဘုံသဘောတူညီချက်နေရာကို အခြားအစီအစဉ် တစ်ခုနဲ့ အစားထိုးသင့်ပါပြီ။
အာဆီယံက မစွက်ဖက်ရေးမူကြောင့် မြန်မာ့အရေးကို မဖြေရှင်းနိုင်သလို အာဏာသိမ်းစစ်ကောင်စီက လည်း ဖိအားပေးမှုကို ဂရုမစိုက်ဘဲ အစွမ်းကုန် မိုက်တွင်းနက်ကာ စစ်အုပ်ချုပ်ရေးဆန့်ကျင်သူမှန်သမျှအား သတ် ဖြတ်နေပါတယ်။ အာဆီယံက မြန်မာ့အရေးကို မဖြေရှင်းနိုင်လျင် ပြဿနာကိုဖြေရှင်းဖို့ ကုလသမဂ္ဂထံ ပြန်လွှဲ ပြောင်းရမှာ ဖြစ်ပါတယ်။

အာဆီယံက နားချဖို့ခက်ခဲတဲ့ အာဏသိမ်းစစ်ကောင်စီကြောင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှထုတ် ပယ်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ထိပ်သီးအစည်းအဝေးတွေ၊ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာ စစ် ကောင်စီကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်မပြုဘဲ ချန်လှပ်ထားတဲ့မူဝါဒကို အာဆီယံက ပြီးခဲ့တဲ့နှစ်အတွင်း ချမှတ်ခဲ့ပါတယ်။

အာဆီယံရဲ့ အဓိကရည်ရွယ်ချက်က အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးဖို့ဖြစ်ပါတယ်။ အာဆီယံမှာ မြန်မာက အဖွဲ့ဝင်ဖြစ်နေတာ အာဆီယံအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ အဆုံး သတ်ရေး စစ်ကောင်စီကို ဖိအားပေးဖို့ပျက်ကွက်တာဟာ အာဆီယံရဲ့ အများယုံကြည်လက် ခံနိုင်စွမ်းကို ထိခိုက် စေပါတယ်။

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်လိုက်တာဟာ အာဆီယံက ယင်းရဲ့အစီအစဉ်တွေမှ မြန်မာ့အ ရေးကို ထုတ်ပယ်နိုင်မှာဖြစ်သလို အခြားအရေးပါတဲ့ကိစ္စရပ်တွေ ဖြေရှင်းဖို့ အချိန်နဲ့လုပ်အား ပေးနိုင်မှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့က အာဆီယံအတွက် ကြီးမားတဲ့ လုပ်ငန်းတာဝန်တစ်ခု ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေး ပြန်လည်ရရှိပြီး အများလက်ခံသော အစိုးရတစ်ရပ် ပေါ်ပေါက်လာရင် မြန်မာနိုင်ငံက အာဆီ ယံအဖွဲ့ကို ပြန်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

မြန်မာ့အရေးမပါတာတောင် အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပုံမှန်ဖြစ်ရေး၊ အာဆီယံအသိုင်းအဝိုင်းတည်ဆောက်ရေးမှ တောင်တရုတ်ပင်လယ်အတွင်း တင်း မာမှု၊ ရုရှား-ယူကရိန်းစစ်ပွဲ အကျိုးသက်ရောက်မှု၊ အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုနဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ အာဆီ ယံမျှော်မှန်းချက်တွေအထိ ဖြေရှင်းစရာပြဿနာတွေ တစ်ပုံတစ်ပင်ရှိနေပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့မှာ မြန်မာနိုင်ငံရဲ့ပါဝင်မှုကံကြမ္မာကို ဆုံး ဖြတ်ရမယ့်အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ရပ်ဆိုင်း သို့မဟုတ် ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်မချမီ ဧပြီလအထိ အာဏာသိမ်းစစ်ကောင်စီကို အချိန်ပေးသင့်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ဖော်ဆောင်ဖို့ နှစ်နှစ်အချိန်ပေးခဲ့တာ ရက်ရောလွန်းပုံပေါ်နေပါတယ်။ အာ ဆီယံအဖွဲ့အနေနဲ့ စိတ်ရှည်သည်းခံရာမှာ အကန့်အသတ်ရှိသင့်ပါပြီ။

ဇန်နဝါရီလ ၉ ရက်က The Straits Times သတင်းစာတွင် ဖော်ပြထားတဲ့ ဆောင်းပါးရှင် Endy Bayuni ရဲ့ Asean needs to look beyond Myanmars Five-Point consensus ကို ဆီလျော်အောင်ဘာသာပြန်ဆိုထားပါတယ်။