ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၈ ရပ်ကွက်၊ ဇီဇဝါလမ်းမှာ ၁၁ နာရီကျော်လောက်စတင်မီးလောင်ခဲ့တာဖြစ်ပြီး ၁၂ နာရီခွဲလောက်မှ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လူသေဆုံးတာမျိုးတော့ မရှိဘူး အိမ်တော့ ၃ အိမ်ပါသွားတယ်၊ ဘာကြောင့်လောင်တာလဲဆိုတာ သေချာမသိရသေးဘူးလို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူထိခိုက်သေဆုံးတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုနဲ့ အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့က စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Ayeyarwaddy_Times