ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်
တစ်လခန့်အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ တရုတ်နိုင်ငံက ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှုတွေ ပြု လုပ်တာကို ထိုင်ဝမ်က ရှုတ်ချခဲ့ပြီး တရုတ်စစ်လေယာဉ် ၅၇ စင်းကို ထောက်လှမ်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန် ကြီးဌာနက ပြောပါတယ်။
တရုတ်က ထိုင်ဝမ်ကို လက်အောက်ခံ ပိုင်နက်နယ်မြေတစ်ခုအဖြစ် ရှုမြင်ပြီး အဲဒီကျွန်းကိုထိန်းချုပ်ဖို့ စစ် ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဖိအားပေးမှု တိုးမြှင့်လုပ်ဆောင်နေပါတယ်။
ထိုင်ဝမ်ကျွန်းဝန်းကျင်က ရေပြင်နဲ့ဝေဟင်ပိုင်နက်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ တ ရုတ်စစ်တပ်က ဇန်နဝါရီလ ၈ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုပြုလုပ်ရတဲ့ ရည်ရွယ်ချက်က ပြည်ပတပ်ဖွဲ့တွေရဲ့ ရန်စတဲ့အပြုအမူတွေနဲ့ ထိုင်ဝမ်လွတ် လပ်ရေး ခွဲထွက်ရေးအဖွဲ့ကို ပြတ်သားစွာ တုံ့ပြန်ဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
တရုတ်နိုင်ငံက အခြေအမြစ်မရှိ စွပ်စွဲမှုတွေ ပြုလုပ်နေပြီး စစ်ရေးလေ့ကျင့်မှုတွေကို အပြင်းအထန် ရှုတ်ချ ကြောင်း၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုဟာ ထိုင်ဝမ်နဲ့တရုတ်ရဲ့ ဘုံတာဝန်ဖြစ်တယ်လို့ ထိုင်ဝမ် သမ္မတရုံးက ပြောပါတယ်။
ထိုင်ဝမ်ရဲ့ရပ်တည်ချက်က အလွန်ရှင်းလင်းပြီး ပဋိပက္ခကို အရှိန်မြှင့်မှာမဟုတ်သလို အငြင်းပွားမှုကို ဆွ ပေးမှာမဟုတ်ဖူးဆိုပေမယ့် အချုပ်အချာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်မယ်လို့ ထိုင်ဝမ်သမ္မတရုံး က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ပြီးခဲ့တဲ့တစ်ရက်အတွင်း တရုတ်စစ်လေယာဉ် ၅၇ စင်းနဲ့ စစ်ရေယာဉ်လေးစင်း ကျူးကျော်ဝင်ရောက်တာ ကို ထောက်လှမ်းနိုင်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို အင်အားအသုံးပြု ထိန်းချုပ်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့သုံးနှစ်အ တွင်း ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန်ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – CNA
Ref; Taiwan condemns China for latest combat drills near island