ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၉ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် ယနေ့ဇန် နဝါရီလ ၉ ရက် နံနက် ၆ နာရီဝန်းကျင်က ရေးမြို့နယ်ထောက်လှမ်းရေး သတင်းရဲတပ်ဖွဲ့တာဝန်ခံကို Ye Guerrilla Force အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ပစ်သတ်ခံရသူမှာ ရေးမြို့သတင်းရဲတပ်ဖွဲ့တာဝန်ခံ ရဲအုပ် ညီညီ ဆိုသူဖြစ်ပြီး ၄င်းမှာ CDMဝန်ထမ်းများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား အဓိကပစ်မှတ်ထားထောက်လှမ်းနေသည့် ရဲထောက်လှမ်းရေးဖြစ်ကာ လမိုင်းမြို့လက်ဝှေ့ရုံအနီးတွင် ဦးခေါင်းကျည်ဖောက် ထွက်ဒဏ်ရာဖြင့် နေရာတွင်ပင်သေဆုံးခဲ့ကြောင်းသိရသည်။
“သူအပြင်ထွက်လာတဲ့အချိန်စောင့်ပြီးပစ်ခဲ့တာ၊ ၇ ရက်ရှိပြီး ကျွန်တော်တို့သူ့ကိုပစ်ဖို့အချိန်စောင့်နေတာ၊ သူကရေးမြို့နယ်ရဲ့ CDMဝန်ထမ်းတွေ၊ တော်လှန်ရေးရေးသမားတွေကို အဓိကလိုက်ပြီး တိုင်ကြားနေတာ၊ သူကဖမ်းမယ်ဆိုရင် စစ်တပ်က စစ်ကားကချက်ခြင်းလာရတယ်၊ ၇ လပိုင်းလောက်က လမိုင်းမှာ ပရဟိဟမွန်လူငယ်ကောင်လေးသေတာလဲ သူကြောင့်ဘဲ၊ သူကတာဝန်ယူတယ် ပစ်လိုက်ဆိုပြီး ရဲတွေကိုအမိန့်ပေးထားတာ” ဟု Ye Guerrilla Forceတာဝန်ရှိသူမှ ဧရာဝတီတိုင်းကိုပြောသည်။
အဆိုပါ ထောက်လှမ်းရေးအရာရှိ ညီညီအားပစ်ခတ်ရှင်းလင်းရာ ဦးခေါင်းကျည်ဖောက်ထွက်၍
၎င်းကျည်မှာ အနီးရှိအမျိုးသမီးတစ်ဦးအားထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်အတွက် အနူးအညွတ်တောင်း ပန်ကြောင်းနှင့် လိုအပ်သည်များကိုတာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်းလည်း YGFအဖွဲ့တာဝန်ရှိကပြော သည်။
ရေးမြို့တွင် ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ကြိုး တံတားရွာရှိ စစ်ကောင်စီစခန်းအား Ye Guerrilla Forceမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။