ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်

သမီးဖြစ်သူနဲ့အတူ မြန်မာနိုင်ငံမှ အိမ်ဖော်တစ်ဉီးကို သေဆုံးတဲ့အထိ နှိပ်စက်ကလူပြုခဲ့တဲ့ စင်ကာပူနိုင်ငံ သူ အမျိုးသမီးတစ်ဉီးကို ဒီကနေ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ပါတယ်။

ခရိုင်တရားသူကြီး တိုဟန်လီက ပြစ်ဒဏ်ကို ဖတ်ကြားချိန်မှာ အသက် ၆၄ နှစ်အရွယ် အိန္ဒိယအမျိုးသမီး ပရီမာအက်စ်နာရေးနာဆာမိဟာ ဘယ်လို့မှမတုံ့ပြန်ဘဲ ကြမ်းပြင်ကို စိုက်ကြည့်နေခဲ့ပါတယ်။

ပရီမာက သမီးဖြစ်သူနဲ့အတူ အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်ဖော် Piang Ngaih Don ကို ပစ္စည်းအ မျိုးမျိုးနဲ့ အသက်သေဆုံးသည်အထိ နှိပ်စက်ခဲ့တယ်လို့ တရားသူကြီက ပြောပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလမှ ၂၀၁၆ ခုနှစ် ဇူလိုင်လအထိ ပရီမာနဲ့ သမီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဂိုင်ယာသီရိက Piang Ngaih Don ကို နေ့စဉ်နီးပါး ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ကလူပြုခဲ့ပြီး အစားအသောက်နဲ့ အနား ယူချိန်မပေးဘဲ ရေအိမ်သာထဲမှာ ရေချိုးခိုင်းတယ်လို့ သိရပါတယ်။

ရဲအရာရှိဟောင်းတစ်ဉီးရဲ့ ဇနီးဟောင်းဖြစ်သူ ဂိုင်ယာသီရိကို အိမ်ဖော်အား နှိပ်စက်ကလူပြုမှုကြောင့် ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်မှာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။

ပရီမာက Piang Ngaih Don ကို နှိပ်စက်ကလူပြုရာမှာ ရိုက်နှက်ဖို့ ဝါးလုံးလိုမျိုး ပစ္စည်းတွေကို အသုံးပြု ခဲ့တယ်လို့ သိရပါတယ်။

ဂိုင်ယာသီရိရဲ့ ခင်ပွန်းဟောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ကီဗင်ချယ်လ်ဗမ်ကို ၂၀၁၆ ခုနှစ်ကတည်းက ရာထူးမှရပ်ဆိုင်းခဲ့ပြီး Piang Ngaih Don ကို နှိပ်စက်ကလူပြုမှုအတွက် စွဲချက်တွေ ရင်ဆိုင်နေရပါတယ်။

ကိုးကား – The Straits Times
Ref; Woman who joined daughter in torturing Myanmar maid to death gets 14 years jail